(၁) | လေ့ကျင့်ရေးဝတ်စုံ – သင်တန်းကာလအတွင်း တက္ကသိုလ်မှ ငှားရမ်းထုတ်ပေးသော တူညီဝတ်စုံ |
(၂) | နေရာထိုင်ခင်းနှင့်စားသောက်ရေး – နေရာထိုင်ခင်းနှင့်စားသောက်စရိတ် အခမဲ့ ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။ |
(၃) | ကျန်းမာရေး – အခမဲ့ဆေးကုသခွင့်ပေးပါသည်။ ၂၅ ကုတင်ဆံ့ဆေးရုံ၏ တာဝန်ခံဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကုသမှု ပြုလုပ်ပေးပါသည်။ |
(၄) | အပန်းဖြေရေး – ရောင်စုံရုပ်မြင်သံကြားစက်များကို သင်တန်းအဆောင်တိုင်းတွင် စီစဉ်ထားရှိပါသည်။ |
(၅) | အားကစား – ဘောလုံး၊ ဘောလီဘော၊ ခြင်းလုံးနှင့် စားပွဲတင်တင်းနစ်များကို ကစားနိုင်ရန် စီစဉ်ထားရှိပါသည်။ |
(၆) | သယ်ယူပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး – တက္ကသိုလ်ပြင်ပထွက်ခြင်းနှင့် လေ့လာရေးခရီးထွက်ခြင်း အစီအစဉ်များကို တက္ကသိုလ်အစီအစဉ်ဖြင့် ဆောင်ရွက်ပေးပါသည်။ |
(၇) | သက်သာချောင်ချိရေး – မိုးဆန်းပန်းကုန်တိုက်၊ ရောင်နီဦးသမဝါယမအသင်းလီမိတက်၊ စိမ်းလဲ့ကန်သာနှင့် ပုဂ္ဂလိကဆိုင်ခန်းများကို သက်သာချောင်ချိရေးနှင့် အပန်းဖြေရေးအတွက် တက္ကသိုလ်ပရဝုဏ်အတွင်း ဖွင့်လှစ်ပေးထားပါသည်။ |