တည်နေရာနှင့်အကျယ်အဝန်း

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)သည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ လှည်းကူးမြို့မှ မြောက်ဘက် (၁၈)မိုင်၊ ရန်ကုန်မြို့မှ မိုင်(၅၀)ခန့်အကွာ ဖောင်ကြီးကျေးရွာအနီးတွင် တည်ရှိပါသည်။ မူလဧရိယာအကျယ်အ၀န်းမှာ (၂၅၄၉.၃၉)ဧက ရှိပါသည်။ အရှေ့ဘက်တွင် ဗဟိုသမဝါယမ ကောလိပ်နှင့်မင်းကုန်းကျေးရွာ၊မြောက်ဘက်တွင် ကျပ်ချောင်းနှင့်မဟူရာ သစ်တော ကြိုးဝိုင်း၊အနောက်ဘက်တွင် ပန်းတောကုန်းကျေးရွာနှင့် ငမိုးရိပ်ရေလှောင်တမံ၊ တောင်ဘက်တွင် ဖောင်ကြီးကျေးရွာ၊ဘုရားကုန်း ကျေးရွာတို့ တည်ရှိပါသည်။

ဆက်သွယ်ရန်

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)

လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

တယ်လီဖုန်း- ၉၅၁-၆၂၆၀၆၇၊ ၉၅၁-၆၂၆၀၆၈၊ ဖက်(စ်) ၉၅၁-၆၂၆၀၈၄

အီးမေးလ် cicslm@cicslm.edu.mm