ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၄၈၊ ပုဒ်မခွဲ (ဂ)နှင့် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ နည်းဥပဒေ ၁၉၅၊ နည်းဥပဒေခွဲ(ဇ) တို့ပါ ပြဋ္ဌာန်းချက်များအရ ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့သည် အရေးယူခံရသည့်ဝန်ထမ်းကို ကူညီရန် ရှေ့နေ သို့မဟုတ် ကျွမ်းကျင်မှု အကူအညီပေးနိုင်သူတစ်ဦးဦးကို လိုက်ပါဆောင်ရွက်ခွင့်၊ စစ်ဆေးမည့် အခန်းတွင်းသို့ ဝင်ရောက် ခွင့်ပြုနိုင်မည်ဖြစ်သော်လည်း အဆိုပါ ဆောင်ရွက်ခွင့်ရရှိသူက ဌာနဆိုင်ရာ ဆောင်ရွက်မှုတွင် ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် အနှောင့်အယှက်ပြုခြင်းတို့ကိုမူ တားမြစ်နိုင်မည်ဖြစ်ပါသည်။
