ဥပဒေ၊မူဝါဒနှင့်ပြောင်းရွှေ့ရေးဌာနခွဲ၊နိုင်ငံ့ဝန်ထမ်းအရာထမ်းများပြောင်းရွှေ့ခန့်ထားမှုယူနစ်
၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၅ ဖြင့် ၈-၃-၂၀၁၃ ရက်နေ့၌ နိုင်ငံတော် သမ္မတကလက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သော “နိုင်ငံ့ဝန်ထမ်းဥပဒေ” အခန်း (၃)၊ ပုဒ်မ ၈၊ ပုဒ်မခွဲ (က) နှင့် (ခ) တွင် အောက်ပါအတိုင်းပြဋ္ဌာန်းထားပါသည် – (က) ပုဒ်မ ၈(က)။ “ဝန်ကြီးဌာနနှင့် ဝန်ထမ်းအဖွဲ့အစည်းတစ်ခုခုမှ ပြန်တမ်းဝင် အရာရှိတစ်ဦးဦးကိုအခြားဝန်ကြီးဌာနနှင့် ဝန်ထမ်းအဖွဲ့အစည်းတစ်ခုသို့ ပြောင်းရွှေ့ခန့်ထားလိုပါက သတ်မှတ် ထား သည့်အရည်အချင်းနှင့် ပြည့်စုံလျှင်သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းသည်ရာထူးဝန်အဖွဲ့နှင့် ညှိနှိုင်းရမည်။” (ခ) ပုဒ်မ ၈(ခ)။ “ရာထူးဝန်အဖွဲ့သည်ပုဒ်မခွဲ(က)အရညှိနှိုင်းလာသည့် အပေါ်စိစစ်ပြီးပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရမည်။”
အဆိုပါ နိုင်ငံ့ဝန်ထမ်းဥပဒေအခန်း(၃)၊ ပုဒ်မ ၈ နှင့်စပ်လျဉ်း၍ ရုံးလုပ်ငန်းဆိုင်ရာ လုပ်ငန်း တာဝန်များကို ပီပြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင် ရန် အတွက် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ( ယခင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေး အဖွဲ့၏သဘောတူညီမှုနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၄/၂၀၁၃)၏ ခွင့်ပြုချက်အရဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး ဦးစီးဌာနတွင် ဥပဒေ၊ မူဝါဒနှင့် ပြောင်းရွှေ့ရေး ဌာနခွဲကို အရာထမ်း(၇)ဦး၊ အမှုထမ်း(၁၄)ဦး ဖြင့်ပြင်ဆင် တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။
ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ/ ဝန်ကြီးဌာနများမှ ပေးပို့လာသည့် ဌာနပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခွင့် ရရှိရေးဆိုင်ရာ အဆိုပြုချက်များကို နိုင်ငံ့ဝန်ထမ်း ဥပဒေနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၈-၃-၂၀၁၃ ရက်နှင့် ၂၉-၄-၂၀၁၃ ရက်စွဲပါ ညွှန်ကြားချက်များ၊ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၁၇-၄-၂၀၁၃ ရက်စွဲပါ အချက်အလက်များနှင့် ကာကွယ်ရေး ဝန်ကြီးဌာန၏ ၁၈-၁-၂၀၁၄ ရက်စွဲပါ အချက်အလက်များနှင့်အညီ စနစ်တကျစိစစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြပေးလျက်ရှိပါသည်။
ထို့အပြင် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၆/၂၀၁၄) ၏ ခွင့်ပြုချက်အရ ၂၆−၃−၂၀၁၄ ရက်နေ့တွင် ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌက လက်မှတ်ရေးထိုး ထုတ်ပြန် ခဲ့သော နိုင်ငံ့ဝန်ထမ်းနည်း ဥပဒေများ၊ နည်းဥပဒေ ၁၁၊ အပိုဒ်ခွဲ (ဂ)၊ နည်းဥပဒေ ၂၃နှင့် နည်းဥပဒေ ၂၄ တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ စနစ်တကျစိစစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံး သို့ တင်ပြပေးလျက်ရှိပါသည်။