နိုင်ငံ့ဝန်ထမ်းဥပဒေ၊ ပုဒ်မ ၂၂ နှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၈၁ တို့ပါ ပြဋ္ဌာန်းချက်များအရ သက်ပြည့်အငြိမ်းစားယူမည့် ဝန်ထမ်းသည် ကြိုတင်ပြင်ဆင်ခွင့် ခံစားပြီးနောက် တစ်ဆက်တည်း အငြိမ်းစားယူသွားခြင်းဖြစ်ပါသဖြင့် တိုးမြှင့်ရာထူး၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်နိုင်မည် မဟုတ်သည့်အတွက် ရာထူးတိုးမြှင့်ခန့်ထားနိုင်မည် မဟုတ်ဘဲ နောက်ထပ် အလှည့်ကျရောက်သူ အရာထမ်းအား လစ်လပ်လျက်ရှိသော တစ်ဆင့်မြင့်ရာထူးသို့ တိုးမြှင့်ခန့်ထား နိုင်မည်ဖြစ်ပါသည်။
