နိုင်ငံတကာဆက်ဆံရေး

အာဆီယံလူ့စွမ်းအား ဗဟိုဌာန၏ ဆက်သွယ်ရန် အဖွဲ့အစည်းအဖြစ် တာဝန်ယူခြင်း

ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး ဦးစီးဌာနသည် နိုင်ငံ့ဝန်ထမ်းဆိုင်ရာ အာဆီယံကွန်ဖရင့်(အေစီစီအက်စ်အမ်)တွင် ပါဝင်သော အဖွဲ့အစည်းတစ်ခုက ဆောင်ရွက်ရန် တာဝန်ဖြစ်သည့် အာဆီယံလူ့စွမ်းအား ဗဟိုဌာနဆိုင်ရာဆက်သွယ်ရန် အဖွဲ့အစည်းအဖြစ် တာဝန်ယူလျက်ရှိပါသည်။ မြန်မာနိုင်ငံအတွက်ဆောင်ရွက်နေသော အာဆီယံလူ့စွမ်အား ဗဟိုဌာန၏ လုပ်ငန်းစဉ်များ ”နိုင်ငံ့ဝန်ထမ်း သင်တန်းဆရာများအား လေ့ကျင့်ပေးရေး”ဖြစ်ပါသည်။

အာဆီယံနိုင်ငံများ ပေါင်းစည်းညီညွတ်ရေး လုပ်ငန်းစဉ်၏ ဆက်သွယ်ရန်အဖွဲ့အစည်းအဖြစ် တာဝန်ယူခြင်း

၂ဝဝဝပြည့်နှစ် နိုဝင်ဘာလ၌ စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သော အာဆီယံထိပ်သီးညီလာခံကကြော်ညာ ဖော်ထုတ်ခဲ့သော အာဆီယံအသင်းဝင် နိုင်ငံသစ် (၄) နိုင်ငံ (ကမ္ဘော ဒီးယား၊လာအို၊ မြန်မာ၊ ဗီယက်နမ်)အား အာဆီယံနိုင်ငံများနှင့် ပေါင်းစည်းညီညွတ်မှု ရှိစေရေးလုပ်ငန်းစဉ်သည် ထိုနိုင်ငံများရှိလူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးစေရန်အတွက် လေ့ကျင့်ပေးရေးအစီအစဉ်များ ပါဝင်ခဲ့ ပါသည်။ ဝန်ထမ်းရွေးချယ် လေကျင့်ရေး ဦးစီးဌာနသည်မြန်မာ နိုင်ငံရှိနိုင်ငံ့ဝန်ထမ်းများ အရည်အသွေး မြင့်မားစေရန်အတွက် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနှင့် ပူးပေါင်းဆောင်ရွက်သော လေ့ကျင့်သင်တန်းများ အတွက်လည်းကောင်း၊ စင်ကာပူနိုင်ငံအစိုးရမှ ကမကထပြုသော လေ့ကျင့် သင်တန်းများအတွက် လည်းကောင်း ဆက်သွယ် ဆောင်ရွက်ပေးသော အဖွဲ့အစည်းအဖြစ် တာဝန်ယူလျက်ရှိပါသည်။