ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများ၏ ခွင့်ပြုချက်ဖြင့် ဝင်ရောက်ဖြေဆိုအောင်မြင်ပြီး ရွေးချယ် ခံရသည့် ဝန်ထမ်းများ သင်တန်းတက်ရောက်နေသည့်ကာလအတွင်း ယခင်ဝန်ကြီးဌာနနှင့်အဖွဲ့ အစည်းများ၌ တာဝန်ထမ်းဆောင်ခဲ့စဉ် ရရှိခဲ့သည့်ရာထူးလစာ သို့မဟုတ် ဗိုလ်လောင်းရာထူးလစာ မည်သည့်လစာကို ခံစားလိုကြောင်း ကာယကံရှင်၏ ဆန္ဒကိုရယူပြီး ခံစားခွင့်ပြုရမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် သင်တန်းတက်ရောက်နေသော ဝန်ထမ်းသည် ဗိုလ်လောင်းလစာကို ခံစားခဲ့ခြင်းမရှိပါက ယခင်တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ကြီးဌာနအဖွဲ့ အစည်းမှ လစာကို ဆက်လက်ခံစားခွင့်ပြုရမည်ဖြစ်ပြီး အကယ်၍ ဗိုလ်လောင်းလစာကိုပါ ထပ်မံ ခံစားခဲ့ပါက ယခင်တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ကြီးဌာနအဖွဲ့အစည်းမှ ထုတ်ယူခဲ့သည့်လစာ များကို ပြန်လည်ပေးသွင်းရမည်ဖြစ်ပါကြောင်း ဤအဖွဲ့မှသဘောထားမှတ်ချက် ပြန်ကြားခဲ့ပါသည်။