
ဒေါက်တာနမ့်ခင်သင်းစုသည်ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင်ကျောင်းအုပ်ကြီး/ဒုတိယပါမောက္ခချုပ် (သင်ကြားရေး) တာဝန်ထမ်းဆောင်နေသူဖြစ်ပါသည်။ ၁၉၈၅ခုနှစ်တွင်ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့(ပထဝီဝင်)၊ ၁၉၉၀ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှမဟာဝိဇ္ဇာဘွဲ့ (ပထဝီဝင်)၊၂၀၀၅ခုနှစ်တွင်ရန်ကုန်တက္ကသိုလ်မှ Ph.D(ပထဝီဝင်)၊ ၂၀၁၀ခုနှစ်တွင်ရန်ကုန်တက္ကသိုလ်မှ Diploma in International Relations၊ ၂၀၁၁ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ Diploma in English(SEAMEO)၊ ၂၀၁၃ခုနှစ်တွင်ရန်ကုန်တက္ကသိုလ်မှ Diploma in Geographic Information Systemဘွဲ့ရရှိခဲ့ပါသည်။ ၁၉၉၁ခုနှစ်မှ၁၉၉၆ခုနှစ်အထိ ပထဝီဝင်ဌာနလုပ်သားများကောလိပ်တွင် အချိန်ပိုင်းနည်းပြအဖြစ် လည်းကောင်း၊ ၁၉၉၇ခုနှစ်တွင်ပထဝီဝင်ဌာနဟင်္သာတတက္ကသိုလ်တွင်နည်းပြအဖြစ်လည်းကောင်း၊၂၀၀၃ခုနှစ်တွင် ပထဝီဝင််ဌာနရန်ကုန်တက္ကသိုလ်တွင်နည်းပြအဖြစ်လည်းကောင်း၊ ၂၀၀၅ခုနှစ်တွင်ပထဝီဝင်ဌာနဟင်္သာတတက္ကသိုလ်တွင် လက်ထောက်ကထိကအဖြစ်လည်းကောင်း၊၂၀၀၈ခုနှစ်တွင်ပထဝီဝင်ဌာနကျိုင်းတုံတက္ကသိုလ်တွင် လက်ထောက် ကထိကအဖြစ်လည်းကောင်းတာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၀၉ခုနှစ်သြဂုတ်လ၂၄ရက်နေ့မှစ၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့အောက်ရှိဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)သို့ ဝန်ကြီးဌာနကူးပြောင်းကာနိုင်ငံရေးသိပ္ပံပညာဌာနတွင် လ/ထကထိကအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၁၀ခုနှစ်တွင်စီမံခန့်ခွဲမှုပညာဌာနတွင် ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၂၀၁၃ခုနှစ်တွင်စီမံခန့်ခွဲမှုပညာဌာနတွင်တွဲဖက်ပါမောက္ခရာထူးသို့တိုးမြှင့်ခြင်းခံရပါသည်။ ၂၀၁၆ခုနှစ် တွင်စီမံခန့်ခွဲမှုပညာဌာန၌ ဌာနမှူးအဖြစ်လည်းကောင်း၊ ၂၈-၆-၂၀၁၇ရက်နေ့တွင် နိုင်ငံရေးသိပ္ပံပညာဌာန၌ ပါမောက္ခ(ဌာနမှူး)အဖြစ်လည်းကောင်း၊ ၁၃-၇-၂၀၁၈ခုနှစ်တွင် ပြည်သူ့ဝန်ထမ်းအကယ်ဒမီဌာန၏ ဌာနကြီးမှူး (ပညာ/လေ့ကျင့်)အဖြစ်လည်းကောင်း၊ ၁၀-၁၀-၂၀၁၈ရက်နေ့တွင် ရာထူးတိုးမြှင့်ခြင်းခံရပြီးကျောင်းအုပ်ကြီး/ ဒုတိယပါမောက္ခချုပ်(သင်ကြားရေး)အဖြစ်တာဝန်များကိုထမ်းဆောင်လျက်ရှိပါသည်။
ဗဟိုဝန်ထမ််းတက္ကသိုလ်(အောက်မြန်မာပြည်)တွင်တက်ရောက်ခဲ့ပြီးသောသင်တန်းများမှာ ၂၀၀၄ခုနှစ်တွင် တက္ကသိုလ်ကောလိပ်ဆရာ/ဆရာမများအထူးမွမ်းမံသင်တန်းအမှတ်စဥ်(၄)သို့လည်းကောင်း၊ ၂၀၀၇ခုနှစ်တွင် အရာထမ်းအခြေခံသင်တန်းအမှတ်စဥ်(၁၁၇)သို့လည်းကောင်း၊ ၂၀၁၁ခုနှစ်တွင်အလယ်အလတ်အဆင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်းအမှတ်စဥ်(၂၉)သို့လည်းကောင်းတက်ရောက်ခဲ့ပါသည်။
ပြည်ပအတွေ့အကြုံများအနေဖြင့် ၂၀၁၁ခုနှစ်တွင်အိန္ဒိယနိုင်ငံသို့ Delegationသွားရောက်ခြင်း၊ ၂၀၁၂ခုနှစ်တွင်ထိုင်းနိုင်ငံသို့ဝန်ထမ်းများ၏ကျင့်ဝတ်စည်းကမ်းတိုးတက်မြင့်မားရေးဆွေးနွေးပွဲသို့တက်ရောက်ခြင်းနှင့်၂၀၁၃ခုနှစ်တွင်မလေးရှားနိုင်ငံတွင် ASEAN workshop on the use of Case Study (INTAN)သင်တန်း၊၂၀၁၆ခုနှစ်တွင်ဂျပန်နိုင်ငံ၌ The study visits on Productivity and Innovation focusing on Performance management သင်တန်း၊ ၂၀၁၇ခုနှစ်တွင်စင်္ကာပူနိုင်ငံ၌ Singapore Cooperation Programme Training Award များကိုတက်ရောက်ခဲ့ပါသည်။