ဒုတိယညွှန်ကြားရေးမှူးရာထူးအဆင့်များသည် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၄ အရ ပြည်ထောင်စုရာထူးဝန်အဖွဲ့က စတင်ရွေးချယ်ပေးရမည့် ပြန်တမ်းဝင်အရာရှိအဆင့် ရာထူး မဟုတ်သည့်အတွက် ပြင်ပပုဂ္ဂိုလ်များအား ဘာသာရပ်ကျွမ်းကျင်သူများအဖြစ် အထူးကိစ္စရပ်အနေဖြင့် ခန့်ထားလိုပါက ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ(င)နှင့် အခြားဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ ခေါ်ယူခန့်ထားလိုလျှင် နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ ၈ တို့ပါ ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ထောက်ခံချက်ကို ရယူပြီးမှသာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြခွင့်ပြုချက် ရယူဆောင်ရွက်ရမည်ဖြစ်ပါသည်။
