ဒေါ်ခင်စမ်းယု [ဒုတိယပါမောက္ခချုပ်(စီမံခန့်ခွဲရေး)]

ဒေါ်ခင်စမ်းယုသည် ၁၉၈၁ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် ကျုံမငေးမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ အခြေခံပညာအထက်တန်းအောင်မြင်ခဲ့ပါသည်။ ၁၉၈၆ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ စီးပွားရေးဘွဲ့ကိုလည်းကောင်း၊ ၂၀၀၉ ခုနှစ်တွင် မိတ္တီလာစီးပွားရေးတက္ကသိုလ်မှ Master of Public Administraion ဘွဲ့ကို လည်းကောင်း၊ ၂၀၁၀ ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ Post- graduate Diploma in English ဒီပလိုမာဘွဲ့ ကို လည်းကောင်း ရရှိခဲ့ပါသည်။
၁၉၈၇ ခုနှစ်မှ စတင်ကာ ၁၉၉၅ ခုနှစ်အထိ ပညာရေးဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင် ခဲ့ပါသည်။ ၁၉၉၆ ခုနှစ်တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ စီးပွားရေးပညာဌာနသို့ နည်းပြ အဖြစ် ပြောင်းရွေ့တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၁၉၈၈ ခုနှစ်တွင် လက်ထောက်ကထိက အဖြစ် ရာထူး တိုးမြှင့်ခဲ့ပါသည်။ ၁၉၉၉ ခုနှစ်တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)သို့ ပြောင်းရွေ့တာဝန် ထမ်းဆောင် ခဲ့ပြီး ၁-၁၀-၂၀၀၂ ရက်နေ့တွင် ကထိက ရာထူးသို့လည်းကောင်း၊ ၂၉-၆-၂၀၁၂ ရက်နေ့တွင် ဌာနကြီးမှူး (ပညာရေးနှင့်လေ့ကျင့်ရေး) ရာထူးသို့လည်းကောင်း၊ ၁၆-၁၂-၂၀၂၁ ရက်နေ့တွင် ဒုတိယပါမောက္ခချုပ်(စီမံခန့်ခွဲရေး) ရာထူးသို့လည်းကောင်း အဆင့်ဆင့် ရာထူးတိုးမြှင့် တာဝန် ထမ်းဆောင်လျက်ရှိပါသည်။