ဒုတိယညွှန်ကြားရေးမှူးချုပ်၏ ကိုယ်ရေးအချက်အလက်

ဒေါ်ချိုချိုပြုံးသည် ၁၉၆၃ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်နေ့တွင် အဖ ဦးမောင်လှ၊ အမိ ဒေါ်စောမြင့်တို့မှ ရန်ကုန်မြို့၌ မွေးဖွားခဲ့ပါသည်။ ၁၉၉၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့နှင့် ၂၀၁၃ ခုနှစ်တွင် မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်မှ ဒီပလိုမာဘွဲ့ (အင်္ဂလိပ်)ကို ရရှိခဲ့ပါသည်။ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် အငယ်တန်းစာရေးရာထူးဖြင့် ၁၉၈၅ခုနှစ် မှ ၁၉၉၃ ခုနှစ် အထိလည်းကောင်း၊ အကြီးတန်းစာရေးရာထူးဖြင့် ၁၉၉၃ ခုနှစ် မှ ၁၉၉၆ ခုနှစ်အထိလည်းကောင်း၊ နည်းပြရာထူးဖြင့် ၁၉၉၆ ခုနှစ် မှ ၁၉၉၈ ခုနှစ် အထိလည်းကောင်း ဌာနစုမှူး (လ/ထကထိက) ရာထူးဖြင့် ၁၉၉၈ ခုနှစ် မှ ၁၉၉၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။
၁၉၉၉ ခုနှစ်တွင် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) သို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့ပြီး ၂၀၀၂ ခုနှစ်အထိ လ/ထကထိက ရာထူးဖြင့်လည်းကောင်း၊ ကထိကရာထူးဖြင့် ၂၀၀၂ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိလည်းကောင်း၊ ဌာနမှူး (ဥပဒေပညာဌာန) ရာထူးဖြင့် ၂၀၁၂ ခုနှစ်မှ ၂၀၁၃ ခုနှစ် အထိလည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် လစာနှုန်းတူ ဒုတိယညွှန်ကြားရေးမှူးရာထူးဖြင့် ဝန်ထမ်းရေးရာဦးစီးဌာနသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ဒုတိယညွှန်ကြားရေးမှူးရာထူးဖြင့် လည်းကောင်း၊ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ညွှန်ကြားရေးမှူးရာထူးဖြင့်လည်းကောင်း၊ ၁၀-၃-၂၀၂၀ ရက်နေ့မှစ၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ရာထူးဖြင့်လည်းကောင်း တာဝန် ထမ်းဆောင်လျက်ရှိပါသည်။