ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာန သမိုင်း
၁၉၅၃ ခုနှစ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အက်ဥပဒေအရ ရာထူးဝန်အဖွဲ့သည် ဝန်ထမ်း ရွေးချယ်မှုတာဝန်ကိုထမ်းဆောင်ခဲ့ရာ ထိုအဖွဲ့တွင် အတွင်းဝန်တစ်ဦး ဦးဆောင်သော အဖွဲ့ရုံးတစ်ရပ်ရှိခဲ့ပါသည်။ ၁၉၇၂ခုနှစ်တွင် စနစ်သစ်အုပ်ချုပ်ရေးအရ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ကို ပြည်သူ့ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ဟု ပြောင်းလဲဖွဲ့စည်းပြီးသောအခါ လုပ်ငန်းတာဝန်များ ပိုမိုလာသော ကြောင့် မူလရာထူးဝန်အဖွဲ့ရုံးကို ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနအောက်သို့ ပြောင်းရွှေ့ ခဲ့သဖြင့် ထိုအခါမှစ၍ အဖွဲ့၏အောက်တွင် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာနဟု ဦးစီးဌာန တစ်ခု ဖွဲ့စည်းခဲ့ပါသည်။
ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာနကို ၄-၁၂-၁၉၉၇ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁၁/၁၉၉၇)ဖြင့် သဘောတူခွင့်ပြုချက်အရ ပြည်ထောင်စု ရာထူးဝန်အဖွဲ့အောက်တွင် အရာထမ်း (၁၉)နေရာ၊ အမှုထမ်း (၁၂၀)နေရာ၊ စုစုပေါင်း (၁၃၉) နေရာဖြင့် လည်းကောင်း၊ ၁၁-၇-၂၀၀၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၂၅/၂၀၀၂)ဖြင့် သဘောတူခွင့်ပြုချက်အရ အရာထမ်း(၃၁)နေရာ၊ အမှုထမ်း(၁၄၃)နေရာ၊ စုစုပေါင်း (၁၇၄) နေရာဖြင့်လည်ကောင်း၊ ၂၆-၄-၂၀၁၃ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၁၄/၂၀၁၃)ဖြင့် သဘောတူခွင့်ပြုချက်အရ အရာထမ်း (၃၈) နေရာ၊ အမှုထမ်း (၁၅၇) နေရာ၊ စုစုပေါင်း(၁၉၅)နေရာဖြင့် လည်းကောင်း၊ ၁၈-၁၂-၂၀၁၄ ရက်တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂၅/၂၀၁၄)ဖြင့် သဘောတူ ခွင့်ပြုချက်အရ အရာထမ်း (၄၆)နေရာ၊ အမှုထမ်း (၁၆၆)နေရာ၊ စုစုပေါင်း (၂၁၂)နေရာဖြင့်လည်ကောင်း၊ ၉-၇-၂၀၂၀ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၁၃/၂၀၂၀) ဖြင့် သဘောတူခွင့်ပြုချက်အရ အရာထမ်း (၅၉)နေရာ၊ အမှုထမ်း (၁၇၈)နေရာ၊ စုစုပေါင်း (၂၃၇)နေရာဖြင့် လည်းကောင်း၊ ၃၁-၅-၂၀၂၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၂)ဖြင့် သဘောတူခွင့်ပြုချက်အရ အရာထမ်း (၅၂) နေရာ၊ အမှုထမ်း (၁၆၄)နေရာ၊ စုစုပေါင်း (၂၁၆)နေရာဖြင့် လည်းကောင်း ပြင်ဆင်ပြောင်းလဲ ဖွဲ့စည်းခဲ့ပါသည်။