ဥက္ကဋ္ဌရုံးအဖွဲ့အကြောင်း

      ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌရုံးအဖွဲ့ကို နေပြည်တော်၊ ရုံးအမှတ်(၁၇)တွင် ဖွင့်လှစ်ထားရှိပါသည်။ ဥက္ကဋ္ဌရုံးအဖွဲ့၏ အဓိကလုပ်ငန်းတာဝန်မှာ  နိုင်ငံဝန်ထမ်းများရွေးချယ်လေ့ကျင့်ရေးအပိုင်းနှင့် ဝန်ထမ်း ရေးရာမူဝါဒအပိုင်းတို့တွင် ပိုမိုနက်ရှိုင်းစွာ တာဝန်ယူဆောင်ရွက်ပေးနိုင်ရေးနှင့် အဖွဲ့ဥက္ကဋ္ဌ (ဝန်ကြီးအဆင့်) နှင့် အဖွဲ့ဝင်များ(ဒုတိယဝန်ကြီးများအဆင့်)ဟု သတ်မှတ်ထားရှိမှုများနှင့်အညီ အဖွဲ့၏ လုပ်ငန်းများကို စနစ်တကျ ပီပြင်စွာ တာဝန်ယူအထောက်အကူပြု ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဥက္ကဋ္ဌရုံးအဖွဲ့သည် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်၊ စီမံကိန်း၊ မူဝါဒများအား အကောင်အထည်ဖော်ရာတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာန၊ တက္ကသိုလ်များ အလိုက် ဆောင်ရွက်ရန် လုပ်ငန်းအစီအမံများ သတ်မှတ်ပေးခြင်း၊ အထက်ဌာနမှ ညွှန်ကြားချက်များ အပေါ်ဆက်လက်ညွှန်ကြားခြင်း၊ အဖွဲ့၏ လုပ်ငန်း စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် အထက် ဌာနများ၏ ခွင့်ပြုချက် ရယူရန်ကိစ္စ၊ ဘဏ္ဍာငွေ ခွင့်ပြုချက်များ ရယူရန်ကိစ္စ၊ လုပ်ငန်းများအား သတ်မှတ် လျာထားချက်များနှင့်အညီ အကောင်အထည်ဖော်နိုင်မှု အခြေအနေများအား စုစည်း တင်ပြခြင်း၊ အခြားဝန်ကြီးဌာနများ/ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရန် ကိစ္စရပ်များအား ဆောင်ရွက်ပေးခြင်း၊ နိုင်ငံ့ဝန်ထမ်းများ လေ့ကျင့်သင်ကြားရေး၊ အရည်အသွေးမြှင့်တင်ရေး ကိစ္စရပ်များ အပေါ် အထောက်အကူပြုခြင်း၊ အဖွဲ့၏ လုံခြုံရေး၊ သက်သာချောင်ချိရေး ကိစ္စရပ်များအား လမ်းညွှန်ချက်နှင့်အညီ အကောင်အထည်ဖော်ခြင်း၊ ဝန်ထမ်းများ ခန့်ထားခြင်း၊ ပြောင်းရွှေ့နေရာ ချထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ ဖွဲ့စည်းပုံ ပြင်ဆင်ခြင်းကိစ္စရပ်များ၊ လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲခြင်း စသည့် ကိစ္စရပ်များအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

ဆက်သွယ်ရန်လိပ်စာ

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌရုံးအဖွဲ့

နေပြည်တော်၊ ရုံးအမှတ်(၁၇)

ဖုန်း− ၀၆၇−၄၀၉၁၉၀

Fax- ၀၆၇−၄၀၉၀၄၅

Email- ucsb@mptmail.net.mm

ပြည်ထောင်စုရာထူးဝန်အဖွဲ့( ရန်ကုန်ရုံးခွဲ)

အမှတ်(၆၅) အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

၀၁−၅၄၇၅၃၂၊ ၀၁−၅၄၁၇၄၇