ဒုတိယအမြဲတမ်းအတွင်းဝန်၏ ကိုယ်ရေးအချက်အလက်

ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ဆွေကို ဖခင် ဦးအောင်ငြိမ်းနှင့် မိခင် ဒေါ်တင်ညိုတို့မှ ၁၉၇၄ ခုနှစ်၊ မေလ (၂၄) ရက်နေ့တွင် မကွေးမြို့နယ်၊ ကန်သစ်ကျေးရွာ၌ မွေးဖွားခဲ့ပါသည်။ ၁၉၈၁ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ ကန်သစ်ကျေးရွာ အမကကျောင်း၊ ၁၉၈၆ ခုနှစ်မှ ၁၉၉၀ ခုနှစ်အထိ ကန်သာကြီး ကျေးရွာ တွဲဖက် အလယ်တန်းနှင့် ၁၉၉၁ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ မကွေးမြို့ အထက(၂)တွင် အခြေခံပညာဆည်းပူးခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၃၈)သို့ တက်ရောက်ခဲ့ပါသည်။ ၁၉၉၇ ခုနှစ်၌ တပ်မတော် (ကြည်း)တွင် ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ် ခြင်းခံရပြီး အမှတ် (၂) တင့်ကားတပ်ရင်း၊ အမြောက်နှင့် သံချပ်ကာယန္တယားတပ်ဖွဲ့ ညွှန်ကြား ရေးမှူးချုပ်ရုံး၊ သံချပ်ကာယန္တယားသင်တန်းကျောင်းတို့တွင် ဗိုလ်ကြီးအဆင့်ထိ တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ၂၉-၃-၂၀၀၄ ရက်နေ့တွင် တပ်မတော်မှ နယ်ဘက်သို့ လွှဲပြောင်းတာဝန် ထမ်းဆောင်ခဲ့ပါသည်။ ၃၀-၃-၂၀၀၄ ရက်နေ့တွင် ယခင် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့၊ ဝန်ထမ်းရေးရာဦးစီးဌာန၌ လက်ထောက်ညွှန်ကြားရေးမှူး ရာထူးအဆင့်ဖြင့်လည်းကောင်း၊ ၃၀-၄-၂၀၀၈ ရက်နေ့တွင် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့၊ ရုံးအဖွဲ့၌ အဖွဲ့ခွဲမှူး (ဒုတိယညွှန်ကြား ရေးမှူး) ရာထူးဖြင့်လည်းကောင်း၊ ၁၁-၄-၂၀၀၉ ရက်နေ့တွင် ရုံးအဖွဲ့၌ ဒုတိယရုံးအဖွဲ့မှူး (ဒုတိယ ညွှန်ကြားရေးမှူး) ရာထူးအဆင့်ဖြင့်လည်းကောင်း၊ ၁-၉-၂၀၁၀ ရက်နေ့တွင် ဝန်ထမ်းရေးရာဦးစီး ဌာန၌ ညွှန်ကြားရေးမှူးရာထူး အဆင့်ဖြင့်လည်းကောင်း၊ ၁-၁၁-၂၀၁၆ ရက်နေ့တွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ ရုံးအဖွဲ့မှူး/ဒုတိယအမြဲတမ်းအတွင်းဝန်/ဒုတိယညွှန်ကြားရေးမှူးချုပ် ရာထူးအဆင့် ဖြင့် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ ပညာအရည်အချင်းအားဖြင့် စစ်တက္ကသိုလ်မှ B.Sc (D.S.A) ဘွဲ့ ရရှိခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင် P.D.C.S ( Second Semester) အထိ တက်ရောက် အောင်မြင်ခဲ့ပါသည်။