ဦးကျော်စိုး (ပါမောက္ခချုပ်)

ဦးကျော်စိုး ပါမောက္ခချုပ်

             ပါမောက္ခချုပ် ဦးကျော်စိုးကို ဖခင် ဦးလူခင်နှင့် မိခင် ဒေါ်သန်းစိန်တို့မှ ၁၉၇၀ ခုနှစ်၊ မေလ ၂၅ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းကျေရွာ၌ မွေးဖွားခဲ့ပါသည်။ ၁၉၈၇ ခုနှစ်တွင် စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာ တွဲဖက်အထက်တန်းကျောင်းမှ အခြေခံပညာအထက်တန်း စာမေးပွဲကို အောင်မြင်ခဲ့ပြီးနောက် ရန်ကုန်တက္ကသိုလ်၌ ကုန်ထုတ်ဓာတုဗေဒဘာသာအဓိကဖြင့် ပညာဆည်းပူးခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် သိပ္ပံဘွဲ့ကို ရရှိခဲ့ပါသည်။ ၁၉၉၅ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ ဗထူးတပ်မြို့တွင် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၉၄) သို့ တက်ရောက်အောင်မြင်ခဲ့ပြီးနောက် ခြေမြန်တပ်ရင်း၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ခြေမြန်တပ်မဌာနချုပ်နှင့် စစ်ရေးချုပ်ရုံးတို့တွင် တာဝန်ထမ်းဆောင်ခဲ့ ပါသည်။ ထိုမှ ၂၀၀၅ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဌာနပြောင်းရွှေ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ သံမှူး စသည့် တာဝန်များကို ထမ်းဆောင်ခဲ့ ပါသည်။ ၎င်းနောက် ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့မှစ၍ ပြည်ထောင်စု ရာထူးဝန်အဖွဲ့တွင် ညွှန်ကြားရေးမှူး (ရုံးအဖွဲ့မှူး) ရာထူးဖြင့် စတင်တာဝန် ထမ်းဆောင်ခဲ့ရာ ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ       ၁ ရက်နေ့တွင် ဒုတိယညွှန်ကြားရေးမှူးချုပ် (ရုံးအဖွဲ့မှူး) ရာထူးသို့ တိုးမြှင့် ခန့်အပ်တာဝန် ပေးခံခဲ့ရပါသည်။ ဦးကျော်စိုးသည် ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှစတင်၍ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့အထိ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဝန်ထမ်းရေးရာဦးစီးဌာနတွင် ခေတ္တညွှန်ကြားရေးမှူးချုပ် ရာထူးဖြင့် လည်း‌ကောင်း၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့မှစ၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး ဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ် ရာထူးဖြင့် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှစ၍  နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် ပါမောက္ခချုပ်ရာထူးဖြင့် တာဝန်ထမ်းဆောင် လျက်ရှိပါသည်။