ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှအောင်

ဦးလှအောင်သည် ၁၉၆၆ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့တွင် အဖ ဦးဝိုင်း၊  အမိ ဒေါ်စန်းမြင့်တို့မှ ရေလဲရွာ၊ ဓနုဖြူမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၌မွေးဖွားခဲ့ပါသည်။ (၁၉၈၄-၁၉၈၈) အထိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးသိပ္ပံ၌ သင်တန်းအမှတ်စဉ် (၁၉)တွင် သင်တန်း တက်ရောက်အောင်မြင်ခဲ့ပါသည်။ ၁၉၉၃ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ မန္တလေးအဝေးသင်တက္ကသိုလ် မှ ဝိဇ္ဇာဘွဲ့(သမိုင်း) ရရှိခဲ့ပါ သည်။

ဧရာဝတီတိုင်း၊ ရေလဲရွာ၊ ဓနုဖြူမြို့နယ်၌ ပညာရေးဝန်ကြီးဌာနအောက်ရှိ မူလတန်း ကျောင်းတွင် ၁-၄-၁၉၈၈ ရက်မှ ၃၀-၆-၁၉၈၈ ရက်အထိ လ/ထမူလတန်းပြ ရာထူးဖြင့် လည်းကောင်း၊ ယခင်ဝန်ထမ်း ရွေးချယ်လေ့ကျင့်ရေးအဖွဲ့အောက်ရှိ ဖွံ့ဖြိုးရေးသိပ္ပံကျောင်းတွင် ၁-၇-၁၉၈၈ ရက်မှ ၃၀-၆-၁၉၉၁ ရက်အထိ နည်းပြရာထူးဖြင့်လည်းကောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်တွင်   ၁-၇-၁၉၉၁ ရက်မှ ၆-၆-၁၉၉၄ ရက်အထိ သင်တန်းကြီးကြပ်ရေးမှူးရာထူးဖြင့်လည်းကောင်း၊ ၇-၆-၁၉၉၄ ရက်မှ ၁၅-၅-၂၀၀၁ ရက် အထိ ဒု-ကြီးကြပ်ရေးမှူးရာထူးဖြင့်လည်းကောင်း၊ ၁၅-၅-၂၀၀၁ ရက်မှ ၂၇-၄-၂၀၀၄ ရက်အထိ ဦးစီးအရာရှိရာထူးဖြင့်လည်းကောင်း၊ ၂၈-၈-၂၀၀၄ ရက်မှ ၂၁-၁၀-၂၀၀၅ ရက်အထိ ဌာနမှူး (စီမံ) ရာထူးဖြင့်လည်းကောင်း၊ ဝန်ထမ်းရေးရာ ဦးစီး ဌာနတွင် ၂၂-၁၀-၂၀၀၅ ရက်မှ ၃၁-၁၂-၂၀၁၀ရက်အထိ ဒုတိယညွှန်ကြားရေးမှူးရာထူးဖြင့်လည်းကောင်း၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး ဦးစီးဌာနတွင် ၁-၁-၂၀၁၁ ရက်မှ ၁၂-၆-၂၀၁၇ ရက် အထိ ညွှန်ကြားရေးမှူးရာထူးဖြင့်လည်းကောင်း၊ ၁၃-၆-၂၀၁၇ ရက်မှစတင်၍  ဒုတိယညွှန်ကြားရေးမှူးချုပ် ရာထူးဖြင့်လည်းကောင်း၊ တာဝန် ထမ်းဆောင်လျက်ရှိပါသည်။

ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှအောင်သည် ဝန်ထမ်းလုပ်သက်ကာလတစ်လျှောက်လုံး အဆင့် ဆင့် တာဝန်ထမ်းဆောင်ရာတွင် ပြည်ပအတွေ့အကြုံများအဖြစ် စင်ကာပူနိုင်ငံသို့ ၄-၁၂-၂၀၀၇ ရက်မှ ၁၇-၁၂-၂၀၀၇ ရက်အထိ Course on Public Governance Administration သင်တန်းသို့ လည်းကောင်း၊ ဖိလစ်ပိုင်နိုင်ငံသို့ ၈-၁၂-၂၀၀၉ ရက်မှ ၁၀-၁၂-၂၀၀၉ ရက်ထိ ASEAN Regional Conference on Civil Service Innovations အစည်းအဝေးတက်ရောက်ရန်လည်းကောင်း၊ ထိုင်းနိုင်ငံသို့ ၂၃-၅- ၂၀၁၁ ရက်မှ ၂၇-၅-၂၀၁၁ ရက်ထိ ASEAN Middle Management & Leadership Development ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ တက်ရောက်ခြင်း၊ ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ၂၈-၁၀-၂၀၁၂ ရက် မှ ၂-၁၁-၂၀၁၂ ထိ Official Study Tour ဖြင့် သွားရောက်ခြင်း၊ စင်ကာပူနိုင်ငံသို့ ၃၀-၁၀-၂၀၁၄ ရက်မှ ၃-၁၁-၂၀၁၄ ရက်ထိ ပြည်ပစာစစ်မှူးတာဝန်ဖြင့်သွားရောက်ခြင်း၊ စင်ကာပူနိုင်ငံသို့ ၃-၁၀-၂၀၁၆ ရက်မှ ၇-၁၀-၂၀၁၆ ရက် အထိ ASEAN Leaders in Governance and Public Administration Programme ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတက်ရောက်ခြင်း၊ ဂျပန်နိုင်ငံသို့ ၁၆-၁၀-၂၀၁၇ ရက်မှ ၂၆-၁၀-၂၀၁၇ ရက်အထိ အသိပညာ ဗဟုသုတရှာဖွေဆည်းပူးမှုဆိုင်ရာ သဘောတရားဆွေးနွေးပွဲသို့ တက်ရောက်ခြင်း၊ ထိုင်းနိုင်ငံသို့  ၁၂-၆-၂၀၁၉ ရက်မှ ၁၄-၆-၂၀၁၉ရက်အထိ အာဆီယံနိုင်ငံ့ ဝန်ထမ်းပူးပေါင်းရေးကဏ္ဍ၏ ဆက်သွယ်ရေး ပုဂ္ဂိုလ်များ အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှအောင်သည် တာဝန်ထမ်းဆောင်သည့် ရာထူးအဆင့်ဆင့် တိုင်းတွင် နိုင်ငံတော်မှချီးမြှင့်သည့် ဘွဲ့ထူး၊ ဂုဏ်ထူးတံဆိပ်များအနေဖြင့် နိုင်ငံတော်အေးချမ်း သာယာရေးတံဆိပ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ ဂုဏ်ပြုလွှာ၊ ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးတံဆိပ်၊ ပြည်သူ့ဝန်ထမ်းတံဆိပ်၊ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်များကိုလည်း ချီးမြှင့်အပ်နှင်းခြင်းခံခဲ့ရပါသည်။

ဆက်လက်ဖတ်ရှုရန်