ဝန်ထမ်းတစ်ဉီးအား ချမှတ်ထားသည့် “တစ်ဆင့်နိမ့်ရာထူးသို့ (၂) နှစ် လျှော့ချသည့် ပြစ်ဒဏ်မှ (၁) နှစ် လျှော့ချခြင်း” ပြစ်ဒဏ်သို့ လျှော့ပေါ့ပြင်ဆင်ပေးရန်သဘောထားမှတ်ချက်မေးမြန်း ခြင်းကိစ္စ။

ဝန်ထမ်းတစ်ဉီးအား ချမှတ်ထားသည့် တစ်ဆင့်နိမ်ရာထူးသို့ (၂) နှစ်လျှော့ချသည့် ပြစ်ဒဏ်မှ (၁) နှစ်လျှော့ချသည့် ပြစ်ဒဏ်သို့ လျှော့ပေါ့ ပြင်ဆင်ပေးရန်ကိစ္စအတွက် ကာယကံရှင်ကိုယ်တိုင်က ခိုင်လုံသော အကြောင်းပြချက် ဖြင့် အယူခံလွှာကို တင်ပြလာပါက သက်ဆိုင်ရာဌာနမှ ယင်းအယူခံလွှာ ကို လက်ခံရန် သင့် – မသင့် ဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုကော်မတီသို့ တင်ပြ၍ ဆုံးဖြတ်ချက်ရယူ ရမည်ဖြစ်ပါသည်။

အဆိုပါ ပြစ်ဒဏ်လျှော့ပေါ့ ပြင်ဆင်ရန်ကိစ္စကို လက်ခံရန်သဘောတူဆုံးဖြတ်ပါက နိုင်ငံ့ ဝန်ထမ်းနည်းဉပဒေများ၊ နည်းဉပဒေ ၂၂၀ ပါ ပြဋ္ဌာန်းချက်နှင့်အညီ အယူခံကာလ ကန့်သတ်ချက်ကို လျှော့ပေါ့စဉ်းစားပြီး အယူခံလွှာကိုလက်ခံ၍ အယူခံမှု ဖွင့်လှစ်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ထိုသို့‌ဆောင်ရွက်ရာတွင် နည်းဉပဒေ ၂၂၅၊ နည်းဉပဒေခွဲ(ဃ) ပါ ပြဋ္ဌာန်းချက်နှင့်အညီ အယူခံအဖွဲ့ သည် အယူခံမှုကို သုံးသပ်၍ ဝန်ထမ်း၏အပြစ်အတွက် ချမှတ်ခဲ့သော ပြစ်ဒဏ်သည် ထိုက်သင့် သည်ထက် ပိုမို၍ ကြီးလေးသည်ဟု ယူဆပါက ထိုပြစ်ဒဏ်အောက် လျှော့ပေါ့သည့် ပြစ်ဒဏ်ကို ပြောင်းလဲသတ်မှတ်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။