နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၄(င) အရ အမျိုးသမီးများ ကိုယ်ဝန်ဆောင်ခြင်း သည် ကျန်းမာရေးမကောင်းဟု မှတ်ယူရန် မဟုတ်သည့်အတွက် ခန့်ထားပြီးပါက နိုင်ငံ့ဝန်ထမ်း ဥပဒေ ပုဒ်မ ၁၁(စ)၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၀၁ နှင့် ၁၀၂ တို့အရ မီးဖွားခွင့်ကို ခံစားခွင့်ပြုရမည်ဖြစ်ပြီး၊ ဝန်ထမ်းအဖြစ်ခန့်ထားရန် ရွေးချယ်စဉ် အိမ်ထောင်ရှင်အမျိုးသမီးဖြစ်က ကိုယ်ဝန် ရှိ – မရှိ ဆေးလက်မှတ်ဖြင့်တင်ပြစေပြီး ကိုယ်ဝန် (၆) လကျော်ရှိပါက ခန့်ထားရန် မသင့်၍ ဝန်ကြီးဌာန၏ စီမံခန့်ခွဲမှု နည်းလမ်းအရသာ ဆောင်ရွက်ရမည် ဖြစ်ပါသည်။
