ဦးစီးဌာနအကြောင်း
ဝန်ထမ်းရေးရာဦးစီးဌာနသည် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍ ရေးဆွဲတင်ပြခြင်း၊ အကြံပြုခြင်း၊ သုတေသနပြုခြင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဝန်ထမ်းဆိုင်ရာကျင့်ဝတ်များ မူဝါဒ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများချမှတ်ထုတ်ပြန်နိုင်ရေးဆောင်ရွက်ခြင်း၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများမှမေးမြန်းလာသည့် ဝန်ထမ်းရေးရာနှင့်သက်ဆိုင်သည့်ကိစ္စရပ်များအား သဘောထား မှတ်ချက်ပြန်ကြားခြင်း၊ ပြင်ပဝန်ထမ်းစည်းကမ်းချက်များဖြင့် သွားရောက်တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများအတွက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများပါပြဋ္ဌာန်းချက်များနှင့်စိစစ်၍ သဘောတူညီချက် ပေးခြင်း၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများမှ ပေးပို့လာသည့် ရာထူးမှထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်းခံရသည့် ဝန်ထမ်းများစာရင်းကိုစုစည်း၍ ဘဏ္ဍာရေးနှစ်အလိုက် အစီရင်ခံစာပြုစုပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတို့သို့တင်ပြခြင်း၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများတွင် ဖွင့်လှစ်သည့် ဌာနဆိုင်ရာသင်တန်းများ၌ ဝန်ထမ်းများလေ့လာသိရှိလိုက်နာ ကျင့်သုံးအပ်သည့် နိုင်ငံ့ဝန်ထမ်းဆိုင်ရာ အထောက်အကူပြုဘာသာရပ်များ ဆွေးနွေးပို့ချခြင်း၊ ဝန်ထမ်းမှတ်တမ်းများအား စနစ်တကျထိန်းသိမ်းထားရှိပြီး နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားအတွက် အထောက်အကူပြုနိုင်ရေး လိုအပ်သောသုတေသနများပြုလုပ်ခြင်း၊ နိုင်ငံ့ဝန်ထမ်းရေးရာဆိုင်ရာအချက်အလက်မှတ်တမ်းများစုစည်း၍ စနစ်တကျထိန်းသိမ်းခြင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် e-Recruitment and Integrated Civil Service System (ERICSS) ပါ Software များတွင် သက်ဆိုင်ရာ Software များအလိုက် အချက်အလက်များ ထည့်သွင်းနိုင်ရေးဆောင်ရွက်ခြင်း လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပါသည်။