ဝန်ထမ်းမှတ်တမ်းဌာနခွဲ၏ လုပ်ငန်းတာဝန်များ
ဌာနခွဲ (၄)၊ ဝန်ထမ်းမှတ်တမ်းဌာနခွဲ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) ဝန်ထမ်းအဖွဲ့အစည်းအသီးသီးတွင် ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်းခံရသူဝန်ထမ်းများ၏စာရင်းကို ခေတ်မီနည်းစနစ်များဖြင့် စနစ်တကျမှတ်တမ်းတင်ထိန်းသိမ်းခြင်း၊
( ခ ) ဝန်ထမ်းအဖွဲ့အစည်းအသီးသီးရှိ ဝန်ထမ်းများ၏ရာထူးအဆင့်အလိုက် စာရင်းဇယားများနှင့် ကိုယ်ရေးဖြစ်စဉ်မှတ်တမ်းများကို ခေတ်မီနည်းစနစ်များဖြင့် စနစ်တကျထိန်းသိမ်းနိုင်ရေးအတွက် ဆောင်ရွက်ခြင်း၊
( ဂ ) ဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှု ကိုယ်ရေးမှတ်တမ်းများကို ခေတ်မီကွန်ပျူတာနည်းပညာများဖြင့် စနစ်တကျထိန်းသိမ်းဆောင်ရွက်ခြင်း၊
(ဃ) ဝန်ထမ်းများခန့်ထားခြင်း၊ လေ့ကျင့်သင်တန်းပေးခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ စည်းကမ်းထိန်းသိမ်းခြင်းဆိုင်ရာသုတေသနပြုခြင်း၊ သုံးသပ်ခြင်းလုပ်ငန်းများကို အထောက်အကူပြုဆောင်ရွက်ခြင်း၊
( င ) ဝန်ထမ်းအဖွဲ့အစည်းများရှိ အရာထမ်း၊ အမှုထမ်းများ၏ ကိုယ်ရေးအချက်အလက်များ၊ တာဝန်ထမ်းဆောင်မှုမှတ်တမ်း၊ ပြည်တွင်း၊ ပြည်ပသင်တန်းများတက်ရောက်မှု၊ ချီးမြှင့်ခဲ့ရသည့်ဆု၊ ဘွဲ့တံဆိပ်များရရှိမှု၊ ဝန်ထမ်းပြစ်ဒဏ်ချမှတ်ခြင်းခံရမှုများကို မှတ်တမ်းအဖြစ်ထိန်းသိမ်းခြင်း၊
( စ ) ဝန်ထမ်းမှတ်တမ်းများအား စနစ်တကျထိန်းသိမ်းထားရှိပြီး နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားအတွက် အထောက်အကူပြုနိုင်ရေး လိုအပ်သောသုတေသနများပြုလုပ်ခြင်း။