အမှုတွဲထိန်းရာထူး(လစာနှုန်း ၁၆၂၀၀ဝိ – ၂၀၀ဝိ – ၁၇၂၀၀ဝိ) မှ ဒု-တိရစ္ဆာန်ဆေးကုမှူးရာထူး (လစာနှုန်း ၂၁၆၀၀ဝိ – ၂၀၀ဝိ – ၂၂၆၀၀ဝိ) နေရာသို့ အဆင့်ကျော်၍ တိုးမြှင့်ခန့်ထားခွင့် ရှိ/ မရှိ သဘောထားမှတ်ချက်မေးမြန်းလာသည့်ကိစ္စ

အမှုတွဲထိန်းရာထူးသည် ရုံးအကူဝန်ထမ်းအမျိုးအစားဖြစ်ပြီး ဒု-တိရစ္ဆာန်ဆေးကုမှူး ရာထူးသည် ပညာရှင်ဝန်ထမ်းအမျိုးအစားဖြစ်သည့်အတွက် ဝန်ထမ်းအမျိုးအစားမတူသည့်အပြင် တိုးမြှင့်ခန့်ထားလိုသည့်ရာထူးသည် နှစ်ဆင့်ကျော်ရာထူးဖြစ်သဖြင့် ဆောင်ရွက်မည်ဆိုပါက နိုင်ငံ့ ဝန်ထမ်းနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုရှိမည်မဟုတ်ပါကြောင်း၊ ထို့ပြင် ဒု-တိရစ္ဆာန်ဆေးကုမှူးရာထူးသည် နည်းဥပဒေ ၁၅ ပါ ပြဋ္ဌာန်းချက်အရ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက ပြင်ပပုဂ္ဂိုလ်များအား စတင်ခန့်အပ်နိုင်သည့် ရာထူးအဆင့် ဖြစ်သည့်အတွက် ပြင်ပမှကြော်ငြာခေါ်ယူ၍ ယှဉ်ပြိုင်ရွေးချယ်ခန့်ထားရေးနည်းလမ်းဖြင့် ခန့်ထား ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ဤအဖွဲ့မှ သဘောထားမှတ်ချက်ပြန်ကြားခဲ့ပါသည်။