ရာထူးတိုးမြှင့်ခြင်း

ရာထူးတိုးမြှင့်ရေး

ပြည်ထောင်စုရာထူးဝန်အဖွဲ့သည်ရွေးချယ်ခြင်းနှင့်လေ့ကျင့်ခြင်းလုပ်ငန်းများအပြင်ဝန်ကြီးဌာန၊အဖွဲ့အစည်းများမှ ပြန်တမ်းဝင်အရာရှိအဆင့်သို့ ဌာနတွင်းရာထူးတိုးမြှင့်ပေးရန်အဆိုပြုညှိနှိုင်းချက်များအပေါ် စိစစ်သဘောတူညီချက်ပေးခြင်းလုပ်ငန်းကို ၁၉၇၉ ခုနှစ် ဒီဇင်ဘာလမှ စတင်ဆောင်ရွက်ပေးလျက်ရှိပါသည်။

၁၉၈၀ ပြည့်နှစ် ဇွန်လတွင် နိုင်ငံတော်ကောင်စီကထုတ်ပြန်ခဲ့သော ဝန်ထမ်းများရာထူးတိုးမြှင့်ခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများက လိုက်နာဆောင်ရွက်လျက်ရှိရာ ပြန်တမ်းဝင်အရာရှိအဆင့် ဝင်ပေါက်ရာထူးသို့ ဌာနတွင်းမှ တိုးမြှင့်ခန့်ထားလိုပါက ဝန်ကြီးဌာန၊ အဖွဲ့အစည်းများသည် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ သဘောတူညီချက်ရယူရန် လိုအပ်ပါသည်။ ထို့ပြင် ၂၆-၃-၂၀၁၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သော နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ ၃၄(ဂ)၊ တွင်လည်း   “ ရာထူးဝန်အဖွဲ့က ရွေးချယ်ပေးရန်သတ်မှတ်သည့် ပြန်တမ်းဝင်အရာရှိအဆင့်သို့ ဌာနတွင်းမှ ဝန်ထမ်းများကို တိုးမြှင့်ခန့်ထားရန် လိုအပ်သည့်ကိစ္စရပ်များတွင် ရာထူးဝန်အဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်ရမည် ” ဟု ပြဋ္ဌာန်းထားရှိပါသည်။ ထိုသို့ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ သဘောတူညီချက်ရရှိရန် ပြည်ထောင်စုဝန်ကြီးဌာနအဖွဲ့အစည်းများမှ တင်ပြလာသော အဆိုပြု ချက်များကို ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာနက နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများပါ ရာထူး တိုးမြှင့်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီစိစစ်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အစည်းအဝေးသို့ တင်ပြရပါသည်။

သတ်မှတ်လုပ်သက်ပြည့်ဖြင့် အဆိုပြုတင်ပြချက်များကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ နည်းဥပဒေများ၊ နည်းဥပဒေ ၂၃ နှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများပါ ပြဋ္ဌာန်းသတ်မှတ်ချက်များနှင့် လည်းကောင်း၊ သတ်မှတ်လုပ်သက်ကိုလျှော့ပေါ့၍ အထူးကိစ္စတစ်ရပ်အနေဖြင့် အဆိုပြုတင်ပြ ချက်များကို ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ၊ နည်းဥပဒေ နည်းဥပဒေ ၂၂၊ ၂၅၊ ၂၆၊ ၂၇ နှင့် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ နည်းဥပဒေ၃၅(က)(ခ)အရ စိတ်အခြေအနေ စစ်ဆေးအကဲဖြတ်ထားခြင်း ရှိ-မရှိ၊ နည်းဥပဒေ ၃၇(င) တို့ပါ ပြဋ္ဌာန်းသတ်မှတ်ချက်များနှင့် လည်းကောင်း၊ ညီညွတ်ခြင်း ရှိ-မရှိ စစ်ဆေး၍ အဖွဲ့အစည်းအဝေးသို့ တင်ပြပြီး ခွင့်ပြုပါက သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများသို့ သဘောတူညီချက်များ ပြန်ကြားပေးလျက်ရှိပြီး သတ်မှတ်ပညာအရည်အချင်းနှင့် ကျွမ်းကျင်မှုအရည်အချင်းကိုလျှော့ပေါ့၍ အထူးကိစ္စတစ်ရပ်အနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ခွင့်ပြုချက်နှင့်အတူ ပေးပို့လာသည့် အဆိုပြုချက်များကိုလည်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ နည်းဥပဒေများ၊ နည်းဥပဒေ ၂၈ နှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃၇ (စ) တို့နှင့် ညီညွတ်ခြင်း ရှိ-မရှိ စစ်ဆေး၍ အဖွဲ့အစည်းအဝေးသို့ တင်ပြပြီး ခွင့်ပြုပါက သက်ဆိုင်ရာ ဝန်ကြီးဌာန နှင့် အဖွဲ့အစည်းများသို့ သဘောတူညီချက်များ ပြန်ကြားပေးလျက်ရှိပါသည်။

၂၀၁၇-၂၀၁၈ မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများရှိ ပြန်တမ်းဝင်အရာရှိအဆင့် ရာထူးသို့ တိုးမြှင့်ခန့်ထားရန် ပြည်ထောင်စုရာထူးဝန်အဖွဲ့က သဘောတူညီချက်ပေးခဲ့သော ကိန်းဂဏန်းများမှာအောက်ပါအတိုင်းဖြစ်ပါသည်-

စဉ်စာရင်းကောက် ယူသည့်ကာလရာထူးတိုးမြှင့်ရန် လုပ်သက်ပြည့် အဆိုပြုသည့် ဦးရေရာထူးတိုးမြှင့်ရန် လုပ်သက်လျှော့ အဆိုပြုသည့် ဦးရေရာထူးတိုးမြှင့်ရန် ပညာအရည်အချင်းနှင့်ကျွမ်းကျင်မှု အရည်အချင်းလျော့ အဆိုပြုသည့်ဦးရေနိုင်/နည်း
၄၈ အထူး
စုစုပေါင်း
၁။၂၀၁၇-၂၀၁၈   (၁-၄-၂၀၁၇ မှ ၃၁-၃-၂၀၁၈ ထိ)၇၈၅၆၈၂၁၃၇၉၅၁
၂။၂၀၁၈
(၁-၄-၂၀၁၈ မှ ၃၀-၉-၂၀၁၈ ထိ)
၃၉၉၂၂၇၂၃၄၀၄၂
၃။၂၀၁၈-၂၀၁၉
၁-၁၀-၂၀၁၈ မှ ၃၀-၉-၂၀၁၉ ထိ
၉၁၈၃၃၉၁၈၉၂၄၀
၄။၂၀၁၉-၂၀၂၀
၁-၁၀-၂၀၁၉ မှ ၃၀-၉-၂၀၂၀ ထိ
၆၄၉၉၉၃၆၅၉၅
၅။၂၀၂၀-၂၀၂၁
၁-၁၀-၂၀၂၀ မှ ၃၀-၉-၂၀၂၁ ထိ
၄၅၂၇၃၁၄၅၆၃
၆။၂၀၂၁-၂၀၂၂
၁-၁၀-၂၀၂၁ မှ ၃၁-၃-၂၀၂၂ ထိ
၁၉၀၅၁၉၀၈
၇။၂၀၂၂-၂၀၂၃
၁-၄-၂၀၂၂ မှ ၃၁-၃-၂၀၂၃ ထိ
၈၇၅၈၈၇၇၄