ဖွဲ့စည်းခြင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဝန်ထမ်းရေးရာဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ် (၁) ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (၁) ဦး၊ ညွှန်ကြားရေးမှူး (၄) ဦး၊ ဒုတိယညွှန်ကြားရေးမှူး (၈) ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး (၁၄) ဦးတို့အပါအဝင် အရာထမ်း (၄၈) ဦး၊ အမှုထမ်း (၁၈၃) ဦး၊ စုစုပေါင်း (၂၃၁) ဦးဖြင့် ဖွဲ့စည်းထားပါသည်။ ဦးစီးဌာနတွင် ဌာနခွဲ (၄) ခုဖြင့် လုပ်ငန်းတာဝန်များကို ခွဲဝေဆောင်ရွက်လျက်ရှိပါသည်။ ၎င်းဌာနခွဲများမှာ-

             (က)    ဌာနခွဲ (၁)၊ စီမံခန့်ခွဲရေးဌာနခွဲ

             ( ခ )   ဌာနခွဲ (၂)၊ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းဌာနခွဲ

             ( ဂ )   ဌာနခွဲ (၃)၊ သုတေသန၊ လေ့ကျင့်ရေးနှင့်မှတ်တမ်းဌာနခွဲ

             (ဃ)    ဌာနခွဲ (၄)၊ ဝန်ထမ်းမှတ်တမ်းဌာနခွဲတို့ဖြစ်ပါသည်။


ဦးဇော်မိုးဝင်း
ညွှန်ကြားရေးမှူးချုပ်
၁၂-၁၀-၂၀၂၁ ရက်နေ့မှစ၍ တာဝန်ထမ်းဆောင်သည်။