နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း

၂ဝဝ၄ခုနှစ်၊ သြဂုတ်လ၅ရက်နေ့တွင် နိုင်ငံ့ဝန်ထမ်းသင်တန်းဆရာများ လေ့ကျင့်သင်ကြားရေးအတွက် အာဆီယံလူ့စွမ်းအားဗဟိုဌာနကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအဖွဲ့အစည်းအဝေး၏ ခွင့်ပြုချက်ဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ (ယခင်ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့)၊ ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးဦးစီးဌာန လက်အောက်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။

အာဆီယံလူ့စွမ်းအားဗဟိုဌာန၏ လုပ်ငန်းစဉ်များအနေဖြင့် ဗဟိုဝန်ထမ်းတက္ကသိုလ်များမှသင်တန်းနည်းပြ ဆရာများ လေ့ကျင့်သင်တန်းပေးခြင်း၊ ဝန်ကြီးဌာန၊ အဖွဲ့အစည်းအသီးသီးမှနည်းပြဆရာများကိုလေ့ကျင့် သင်တန်းပေးခြင်း၊ ပြည်ပသင်တန်း၊ ဆွေးနွေးပွဲတက်ရောက်မှုအတွေ့အကြုံများပြန်လည် ရှင်းလင်း ဆွေးနွေးပွဲများ ကျင်းပခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ထို့ပြင်၂၀၁၃ ခုနှစ် ၊ ဇွန်လ (၁၇)ရက်နေ့မှ (၂၁) ရက်နေ့အထိရန်ကုန်မြို့၊Park Royal Hotel၌ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံ့ဝန်ထမ်းသင်တန်းဆရာများ လေ့ကျင့်သင်ကြားရေး သင်တန်း Training of Trainers Course forCLMV Officials)ကိုအာဆီယံလူ့စွမ်းအားဗဟိုဌာန၏ လုပ်ငန်းအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ (၁၇) ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းအကြီးအကဲ ခေါင်းဆောင်များ စည်းအဝေးကိုအလှည့်ကျ ဥက္ကဌတာဝန်ထမ်းဆောင်စဉ်တွင် အဆိုပါ နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းအကြီးအကဲများ အစည်းအဝေးတွင်အာဆီယံ လူ့စွမ်းအားဗဟိုဌာနများမှ ထိရောက်၍ စွမ်းရည်ပြည့်ဝသော အစီအစဉ်များ ဖြစ်ပေါ်လာစေရန်အတွက် အာဆီယံနိုင်ငံတိုင်းတွင် အဓိက လုပ်ဆောင်နေသော အကြောင်းအရာများကို ပြန်လည်လေ့လာသုံးသပ်၍ အရှိန်မြှင့် ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြပါသည်။

သို့အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ၁-၁-၂၀၁၅ရက်နေ့မှစ၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့တွင် အာဆီယံလူ့စွမ်းအားဗဟိုဌာနကိုအရာထမ်း၈ ဦးနှင့် အမှုထမ်း ၉ ဦး၊ စုစုပေါင်း ၁၇ ဦးဖြင့် စနစ်တကျ ပြန်လည်ဖွဲ့စည်းထားရှိပါသည်။

မြန်မာအာဆီယံလူ့စွမ်းအားဗဟိုဌာန၏ ရည်ရွယ်ချက်များမှာ နိုင်ငံ့ဝန်ထမ်း သင်တန်းနည်းပြဆရာများအား လေ့ကျင့်သင်တန်းပေးရန်၊ သင်ရိုးညွှန်းတမ်းဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုရန်၊ အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ရန်၊ အာဆီယံဒေသတွင်းနှင့် နိုင်ငံတကာမှ အစိုးရအဖွဲ့စည်းများနှင့် ပူးပေါင်းကာအာဆီယံလူ့စွမ်းအားဗဟိုဌာန၏ လုပ်ငန်းအစီအစဉ်များတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊ အာဆီယံနိုင်ငံများနှင့် အခြားဖွ့ံဖြိုးပြီးနိုင်ငံများနှင့် သင်ရိုးညွှန်းတမ်းနှင့်ပတ်သက်၍ လိုအပ်သောနည်းပညာ ဗဟုသုတ၊ အသိပညာများဖလှယ်ကြရန်၊ နိုင်ငံ့ဝန်ထမ်းနှင့် ပတ်သက်သောသုတေသနလုပ်ငန်းများကို ဆောင်ရွက်ရန်တို့ဖြစ်ပါသည်။

ထို့အပြင် နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းတို့ကိုအောက်ဖော်ပြပါအတိုင်းဆက်သွယ် ဆောင်ရွက် လျက်ရှိပါသည် –

  (က)  UNDP အစီအစဉ်ဖြင့် Public Service Motivation အလုပ်ရုံဆွေးနွေးပွဲကို ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ    မြန်မာနိုင်ငံအနေဖြင့် တာဝန်ယူဆောင်ရွက်လျက် ရှိသည့် အာဆီယံနိုင်ငံ့ဝန်ထမ်းကိစ္စရပ်များပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (ASEAN Cooper -ation on Civil Service Matters- ACCSM) ၏Work Plan (2016-2020) အောက်ရှိ Activityတစ်ခုအနေဖြင့် ကျင်းပရန်လျာထားပြီး ACCSM အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များအားဖိတ်ကြားဆောင်ရွက်သွားရန် ညှိနှိုင်းစီစဉ်ထားပြီးဖြစ်ပါသည်။

(ခ)    EU(GOPA)နှင့်ပူးပေါင်းဆောင်ရွက်ခဲ့မှုနှင့်ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များ။

ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် EU(GOPA) တို့၏ အစီအစဉ်ဖြင့် ဗဟိုဝန်ထမ်း တက္ကသိုလ်များတွင်ဖွင့်လှစ်လျက်ရှိသောသင်တန်းများ၌ ပို့ချလျက်ရှိသည့် သင်ရိုးညွှန်း တမ်းများနှင့်စပ်လျဉ်း၍ သုံးသပ်တွေ့ရှိချက်များကိုဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၌ ၁-၉-၂၀၁၆ ရက်နေ့တွင် ကျင်းပခဲ့ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အောက်ရှိဦးစီးဌာန(၂)ခုနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်(၂)ခုတို့မှ ကိုယ်စားလှယ် စုစုပေါင်း (၃၀) ဦးတက်ရောက်ခဲ့ပါသည်။

 (ဂ)    EU(GOPA)၏ အစီအစဉ်ဖြင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဗဟိုဝန်ထမ်းတက္ကသိုလ်များ၌ ဖွင့်လှစ်လျက်ရှိသည့်               ဒုတိယညွှန်ကြားရေးမှူးချုပ်များအတွက် ဝန်ထမ်းအဖွဲ့အစည်းအကြီး အမှူး စီမံခန့်ခွဲမှုသင်တန်းနှင့် ညွှန်ကြားရေးမှူးများအတွက် အဆင့်မြင့်အရာထမ်း စီမံ ခန့်ခွဲ မှုသင်တန်းများတွင်ဘာသာရပ်ဆိုင်ရာသင်ခန်းစာများပို့ချပေးလျက်ရှိပါသည်။ ဗဟိုဝန်ထမ်း တက္ကသိုလ်များတွင် ဖွင့်လှစ်လျက်ရှိသောပုံမှန်သင်တန်း (၇) မျိုးတွင် Curriculum၊ Syllabus၊ Module နှင့် Course Design များကိုသင်တန်းအမျိုးအစားအလိုက် သင်တန်းသားအဆင့်နှင့်ကိုက်ညီစွာပြင်ဆင်ရေးဆွဲနိုင်ရေးအတွက် Training of Trainers ကိုဖွင့်လှစ်ပေးခဲ့ပါသည်။

               (ဃ)  World Bank နှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ။

WorldBankမှ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ ဖွင့်လှစ်ခဲ့သည့် ညွှန်ကြားရေးမှူးများအတွက် အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှု သင်တန်းများ တွင် သင်တန်းများပေးခြင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(၂)ခုရှိနည်းပြ ဆရာ၊ ဆရာမများအား ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် Case Study Method Training သင်တန်း(၂) ရက်စီပို့ချပေးခြင်းများဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။”နိုင်ငံ့ဝန်ထမ်းများ အခြေခံ လစာအပါအဝင် အခြားစရိတ်ချီးမြှင့်မှုနှင့် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုပြန်လည် သုံးသပ်ခြင်း” (Civil Service Pay, Compensation and Human Resorce Review )၏Draft Report ဖြစ်သည့် Chapter(6) Managing Human Resources for better Performance အပိုင်းအပေါ် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ Feedback နှင့် အကြံပြုချက် များပေးပို့ခြင်းတို့ကိုဆောင်ရွက် လျက်ရှိပါသည်။

               (င)Hanns Seidel Foundation(HSF)နှင့်ပူးပေါင်းဆောင်ရွက်မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်။     

မြန်မာနိုင်ငံပြည်သူ့ဝန်ထမ်း‌အကယ်ဒမီတည်ထောင်ရေးအကြံပြု အလုပ်ရုံဆွေးနွေးပွဲ (Consultative Workshop for Establishing the Civil Services Academy – CSA) ကို ၂၃ – ၆- ၂၀၁၆ မှ ၂၄-၆-၂၀၁၆ ထိကျင်းပခဲ့ရာဝန်ကြီးဌာန/ အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးအဆင့်နှင့်အထက် ကိုယ်စားလှယ်(၄၀)ဦးတက်ရောက် ခဲ့ပါသည်။ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် ဖွင့်လှစ်ခဲ့သောဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့်များအတွက် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးစီမံခန့်ခွဲမှုသင်တန်းနှင့်ညွှန်ကြားရေးမှူးအဆင့်များအတွက် အဆင့်မြင့် အရာထမ်း စီမံခန့်ခွဲမှုသင်တန်းများတွင် Federalism (Features၊ Fiscal၊ Democracy၊ Conflict Resolution)၊ Political Science၊ Distribution of Competences ၊ Intergovernmental Relations နှင့် Comparative Constitutional Law and Politicsစသည့် ဘာသာရပ်များကိုဆွေးနွေးပို့ချခြင်းများဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ ၂၀၁၇-၂၀၁၈ လေ့ကျင့်ရေးနှစ်တွင် ဗဟိုဝန်ထမ်းတက္ကသိုလ်(၂)ခုတို့၌ ဒုတိယညွှန်ကြား ရေးမှူးချုပ်အဆင့်များအတွက် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း၊ ညွှန်ကြားရေးမှူးအဆင့်များအတွက် အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်းများကို ကြိမ်ရေ တိုးချဲ့ဖွင့်လှစ်ရန် စီစဉ်လျက်ရှိရာအဆိုပါစီမံခန့်ခွဲမှုသင်တန်းများတွင် ဆွေးနွေး ပို့ချနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။

               (စ)    UN-APCICT နှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်။

ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် ဖွင့်လှစ်ခဲ့သော ဒုတိယညွှန်ကြားရေးမှူးချုပ် အဆင့်များအတွက် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်းနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)တွင် ဖွင့်လှစ်ခဲ့သော ညွှန်ကြားရေးမှူးအဆင့်များအတွက် အဆင့်မြင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်းများတွင် e- Government Application၊ Information Security and Privacy ၊ ICT Project Management in Theory and Practice နှင့် Social Media for Development စသည့် ဘာသာရပ်များကိုဆွေးနွေးပို့ချခြင်းများဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ ၂၀၁၇-၂၀၁၈ လေ့ကျင့်ရေးနှစ်တွင် ဗဟိုဝန်ထမ်းတက္ကသိုလ်(၂)ခုတို့၌ ဒုတိယညွှန်ကြားရေးမှူးချုပ် အဆင့်များအတွက် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးစီမံခန့်ခွဲမှုသင်တန်း၊ ညွှန်ကြား ရေးမှူးအဆင့်များအတွက်အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်းများကိုကြိမ်ရေတိုးချဲ့ဖွင့်လှစ်ရန် စီစဉ်လျက်ရှိရာအဆိုပါ စီမံခန့်ခွဲမှုသင်တန်းများတွင် ဆွေးနွေးပို့ချနိုင်ရန် ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါသည်။

               (ဆ)  ထိုင်းနိုင်ငံ၊ Dhurakij Pundit University – DPU နှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေ။

ထိုင်းနိုင်ငံ ၊ Dhurakij Pundit University – DPU မှ ပြည်ပပညာရှင် (၂)ဦးသည် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဗဟိုဝန်ထမ်းတက္ကသိုလ်များရှိသင်တန်းဆရာများ၏ အရည် အသွေး မြှင့်တင်ရေးအတွက် ကာလတိုသင်တန်းများကိုအသီးသီးဖွင့်လှစ်ခဲ့ရာ ဗဟို ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)တွင် ၅-၁၂-၂၀၁၆ မှ ၉-၁၂-၂၀၁၉ ရက်နေ့ထိ လည်းကောင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် ၁၂-၁၂-၂၀၁၆ မှ ၁၆-၁၂-၂၀၁၉ ရက်နေ့ထိလည်းကောင်းကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။

               (ဇ)    ကိုရီးယားသမ္မတနိုင်ငံ၊ KOICA နှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေ။

ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ အဖွဲ့ဝင်များဦးဆောင်ပြီးဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံမှ အဆင့်မြင့်အရာရှိကြီးများအတွက် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုအစီအစဉ်သို့ ၂၀၁၀ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ (၄)ကြိမ် အသီးသီးတက်ရောက် ခဲ့ကြပါသည်။ဆက်လက်၍ ဗဟိုဝန်ထမ်းတက္ကသိုလ်(၂)ခုရှိပြည်သူ့ဝန်ထမ်း အကယ်ဒမီ များတွင် သင်ကြားမည့် Post-graduate   Diploma in Civil Service Management Course၊ Advanced Diploma in Civil Service Management Course နှင့် Master Degree တို့အတွက် နည်းပညာအကူအညီများရယူခြင်း၊ သင်တန်းပိုမိုဖွံ့ဖြိုးတိုးတက်နိုင် စေရေးနှင့် နိုင်ငံ့ဝန်ထမ်းများ၏ အရည်အသွေးတိုးတက်နိုင်စေရေးအတွက် KOICA ဘက်မှ အကူအညီပေးရေး၂၀၁၇ နှင့် ၂၀၁၈ ခုနှစ် များတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ အရာထမ်းများကိုရီးယားသမ္မတနိုင်ငံတွင် ပညာသင်ကြားနိုင်ရေးတို့ကိုညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

 (ဈ)  ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ စီမံခန့်ခွဲမှု၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)၏ ပံ့ပိုး ကူညီမှုဖြင့် ” မြန်မာနိုင်ငံတွင်ဝန်ထမ်းများ၏ ကျင့်ဝတ်၊ တန်းတူညီမျှအခွင့်အရေးနှင့် အရည်အချင်းအပေါ်မူတည်၍ တာဝန်ပေးအပ်ခြင်းတို့အပေါ်လေ့လာဆန်းစစ်ခြင်း” (Survey on Civil Service Ethics, Equal Opportunities and Meritocracy in Myanmar) ကို UNDPမှ International Perception Survey Expert ဖြစ်သူ Mrs. Mariana Sofia Cifuentesနှင့် Myanmar Survey Research (MSR)မှ အဖွဲ့ဝင်များဖြင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)နှင့် (အထက်မြန်မာပြည်)တို့တွင် စုစုပေါင်း သင်တန်းသား (၂၀၀၉)ဦး နှင့် ဦးတည်အုပ်စုဆွေးနွေးပွဲများအတွက် စုစုပေါင်းသင်တန်းသား (၉၆) ဦးတို့အားဆန်းစစ်ခဲ့သည့် အပြီးသတ် အစီရင်ခံစာ မူကြမ်း (Perception Survey DraftReport)ကို၂၀၁၆ခုနှစ်အတွင်း အဖွဲ့ဥက္ကဋ္ဌထံ တင်ပြခဲ့ပါသည်။ နေပြည်တော်၌ ၂၀၁၆ခုနှစ်၊ဒီဇင်ဘာလ(၁၆)ရက်နေ့တွင် နိုင်ငံ့ဝန်ထမ်းကဏ္ဍ၌ကိုယ်ကျင့်သိက္ခာ၊အရည်အချင်း အလိုက်ချီးမြှင့်မြှောက်စားမှုနှင့် တန်းတူအခွင့်အရေးရရှိမှုများကိုတိုးတက်စေခြင်းဖြင့် ထက်သန်တက်ကြွမှုကို အားပေးခြင်းဆိုင်ရာအသိပညာ မျှဝေမှုဖိုရမ်ကိုကျင်းပပြုလုပ် ခဲ့ပြီးအဆိုပါ Perception Survey Report ကို တရားဝင် အသိပေးကြေညာခြင်း .အခမ်းအနား ကျင်းပခဲ့ရာအဆိုပါ ဖိုရမ်သို့ ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ၊ နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကြီးနှင့် ပြည်နယ်/တိုင်းဝန်ကြီးချုပ်များ၊ ပြည်တွင်းပြည်ပပညာရှင်များ၊ အာဆီယံနိုင်ငံကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူး ချုပ်ရုံးချုပ်မှ ကိုယ်စားလှယ်များ (၄၀၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။