previous arrow
next arrow
Slider

အငယ်တန်းစာရေးရာထူး၌ ကိုယ်ဝန်ရှိသူအမျိုးသမီးများအား အလုပ်ခန့်ထားခြင်းကိစ္စ

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၄(င) အရ အမျိုးသမီးများ ကိုယ်ဝန်ဆောင်ခြင်း သည် ကျန်းမာရေးမကောင်းဟု မှတ်ယူရန် မဟုတ်သည့်အတွက် ခန့်ထားပြီးပါက နိုင်ငံ့ဝန်ထမ်း ဥပဒေ ပုဒ်မ ၁၁(စ)၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၀၁ နှင့် ၁၀၂ တို့အရ မီးဖွားခွင့်ကို ခံစားခွင့်ပြုရမည်ဖြစ်ပြီး၊ ဝန်ထမ်းအဖြစ်ခန့်ထားရန် ရွေးချယ်စဉ် အိမ်ထောင်ရှင်အမျိုးသမီးဖြစ်က ကိုယ်ဝန် ရှိ – မရှိ ဆေးလက်မှတ်ဖြင့်တင်ပြစေပြီး ကိုယ်ဝန် (၆) လကျော်ရှိပါက ခန့်ထားရန် မသင့်၍ ဝန်ကြီးဌာန၏ စီမံခန့်ခွဲမှု နည်းလမ်းအရသာ ဆောင်ရွက်ရမည် ဖြစ်ပါသည်။