previous arrow
next arrow
Slider

ဖွဲ့စည်းခြင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌရုံး၊ ဝန်ထမ်းရေးရာဦးစီးဌာနအား အမြဲတမ်းအတွင်းဝန်/ တာဝန်ခံညွှန်ကြားရေးမှူးချုပ်က ဌာနအကြီးအမှူးအဖြစ် တာဝန်ယူပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် (၁) ဦး၊ ညွှန်ကြားရေးမှူး (၄) ဦး၊ ဒုတိယညွှန်ကြားရေးမှူး (၅) ဦးနှင့် လက်ထောက်ညွှန်ကြားရေးမှူး (၁၂) ဦးတို့အပါအဝင် အရာထမ်း (၃၄) ဦး၊ အမှုထမ်း (၁၁၁) ဦး စုစုပေါင်း (၁၄၅) ဦးဖြင့် ဖွဲ့စည်း ထားပါသည်။ ဦးစီးဌာနတွင် ဌာနခွဲ (၄) ခုဖြင့် လုပ်ငန်းတာဝန်များကို ခွဲဝေဆောင်ရွက်လျက် ရှိပါသည်။
၎င်းဌာနခွဲများမှာ-
(၁) ဌာနခွဲ (၁)၊ အုပ်ချုပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲ၊
(၂) ဌာနခွဲ (၂)၊ မူဝါဒနှင့်ဥပဒေ၊ လုပ်ထုံးလုပ်နည်းစိစစ်ရေးနှင့် လုပ်ငန်းစစ်ဆေးရေး ဌာနခွဲ၊
(၃) ဌာနခွဲ (၃)၊ စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲ
(၄) ဌာနခွဲ (၄) နိုင်ငံခြားပညာတော်သင်စိစစ်ရွေးချယ်စေလွှတ်ရေးကော်မတီဆိုင်ရာ ရုံးအဖွဲ့ တို့ဖြစ်ပါသည်။