ဦးသန်းထွန်း၊ အဖွဲ့ဝင်

ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးသန်းထွန်းကို အဘဦးကျော်စိန်၊အမိဒေါ်ငွေကြည်တို့က မကွေးတိုင်းဒေသကြီး၊ ဆင်ဖြူကျွန်းမြို့တွင် ၁၉၄၈ ခုနှစ်၊ သြဂုတ်လ (၁၄) ရက်နေ့တွင် မွေးဖွားခဲ့ပါသည်။ ဦးသန်းထွန်းသည် ၁၉၆၅ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ဆင်ဖြူကျွန်းမြို့၊အစိုးရအထက်တန်းကျာင်းမှ အောင်မြင်ခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် မန္တလေးဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့(သမိုင်း) ရရှိခဲ့သည်။ ၁၉၇၀ ခုနှစ်မှ ၁၉၈၀ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်၊ မော်လမြိုင်ကောလိပ်နှင့် မကွေးကောလိပ် (သမိုင်း ဌာန)တို့တွင် နည်းပြ၊ လက်ထောက်ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၇၈ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့(သမိုင်း) ရရှိခဲ့ပါသည်။ ၁၉၈၀ ပည့်နှစ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့(နိုင်ငံတကာဆက်ဆံရေး)ဘွဲ့ကို Scool of Advanced International Studies, Johns Hopkins University, Washington, USA မှ ရရှိခဲ့ပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာသံရုံးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ရုံးများတွင် တာဝန်ထမ်းဆောင် ခဲ့စဉ်ကာလအတွင်းတရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် နယ်စပ် ကိစ္စ၊ နယ်နမိတ်ကိစ္စဆွေးနွေးပွဲများ၊ အာဆီယံ အစည်းအဝေးများသို့ တက်ရောက်ခဲ့ပါသည်။ ၂၀၀၉ ခုနှစ်တွင်အာဆီယံရေးရာဌာန ၊ညွှန်ကြားရေးမှူးချုပ်ရာထူးမှ အငြိမ်းစားယူခဲ့ပါသည်။ ၂၀၁၀ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ အရှေ့အာရှမျှော်မှန်းချက် ထင်ပေါ်ကျော်ကြားသူများအဖွဲ့တွင် မြန်မာနိုင်ငံကိုယ်စားလှယ် အဖြစ်ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလအထိပြည်သူ့ လွှတ်တော်ဥပဒေရေးရာများနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မရှင်တွင်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်၊ ဖေဖေါ်ဝါရီလမှ ၂၀၁၆ ခုနှစ်၊ မတ်လအထိ ပြည်ထောင်စု ရာထူးဝန်အဖွဲ့တွင်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဆက်လက်၍ ၂၀၁၆ ခုနှစ်၊ ဧပြီလမှစပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့တွင် အဖွဲ့အဖြစ်ထမ်းဆောင်လျက် ရှိပါသည်။