previous arrow
next arrow
Slider

အုပ်ချုပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲ၏ လုပ်ငန်းတာဝန်များ

ဌာနခွဲ (၁)၊အုပ်ချုပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(၁) ဝန်ထမ်းအင်အား၊ လစာစရိတ်စာရင်းများအား ပြောင်းလဲလာသည့် အင်အားစာရင်းနှင့် အညီ ပြုစုခြင်း၊
 (၂)  နေ့စဉ်ဝင်စာ၊ ထွက်စာများအားစနစ်တကျရေးသွင်းထုတ်ပြန်ခြင်း၊
 (၃)  လုံခြုံမှုစစ်ဆေးချက်မှတ်တမ်းများပြုလုပ်ခြင်း၊
 (၄)  ခြောက်လပတ်၊ နှစ်ချုပ်စာရင်းများပြုစုခြင်း၊
 (၅)  ဝန်ထမ်းအားလုံးနှင့် သက်ဆိုင်သည့် အစည်းအဝေးများ၊ တွေ့ဆုံဆွေးနွေးပွဲ များနှင့် ပညာပေးသင်တန်းများ ပြုလုပ်ရာတွင် အထောက်အကူပြု ခြင်း
 (၆) Service Book များတွင် ကိုယ်ရေးအချက်အလက်၊ မှတ်တမ်းများရေးသွင်းခြင်း၊ နှစ်စဉ် အကဲဖြတ်မှတ်တမ်းများ ဖြည့်သွင်းခြင်းတို့ပြုလုပ်ခြင်း၊။
 (၇)  ဌာနပိုင်မော်တော်ယာဉ်များနှင့် ပစ္စည်းစာရင်းများအား ပြုပြင်ထိန်းသိမ်းခြင်း၊
 (၈)  ဝန်ထမ်းများ၏ အုပ်ချုပ်မှုကိစ္စနှင့် စီမံခန့်ခွဲမှုကိစ္စများကို တာဝန်ယူဆောင်ရွက်ခြင်း၊
(၉)  ရုံးပတ်ဝန်းကျင်စိန်းလမ်းစိုပြေရေးအတွက် ရာသီသီးနှံနှင့် နှစ်ရှည်ပင်များ စိုက်ပျိုးထား ရှိရန် စီမံဆောင်ရွက်ခြင်း၊

Read more