previous arrow
next arrow
Slider

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဝန်ထမ်းရေးရာဦးစီးဌာန၏ အဓိကလုပ်ငန်း တာဝန်များ

ဝန်ထမ်းရေးရာဦးစီးဌာနသည် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ လမ်းညွှန်မှုနှင့်အညီ နိုင်ငံတော် အုပ်ချုပ်ရေးယန္တရားမှ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများအားအထောက်အကူပြုနိုင်စေရန်အတွက် အောက် ဖော်ပြပါ လုပ်ငန်းများကို ဆောင်ရွက်ပေးရပါသည် —

(၁) ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ လမ်းညွှန်မှုနှင့်အညီ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဝန်ထမ်း ဆိုင်ရာ ကျင့်ဝတ်များ၊ မူဝါဒစည်းမျဉ်းစည်းကမ်းများ၊ အမိန့်ညွှန်ကြားချက်များ၊ လုပ်ထုံး လုပ်နည်းများ ချမှတ်ထုတ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်ပေးခြင်း၊
 (၂) ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များမှ လွှတ်တော် ကိုယ်စားလှယ်များ မေးမြန်းခဲ့သည့် ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့်သက်ဆိုင်သော မေးခွန်း နှင့်အဆိုများအား ပြန်လည်ဖြေကြားနိုင်ရေးအတွက် အချက်အလက်များ ပြုစုတင်ပြပေးခြင်း၊
 (၃) နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများအရ သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများက ညှိနှိုင်းလာသည့် ကိစ္စရပ်များကို အဖွဲ့အစည်း အဝေးသို့ တင်ပြသဘောတူခွင့်ပြုချက်ရယူပြီး ရှင်းလင်းပြန်ကြားပေးခြင်း၊
(၄) ဝန်ထမ်းအဖွဲ့အစည်းများမှ ပေးပို့လာသော ဝန်ထမ်းများအား ရာထူးမှထုတ်ပယ်ခြင်းနှင့် ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း စာရင်းများကို ဘဏ္ဍာရေးနှစ်အလိုက် စာရင်းပြုစုပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြခြင်းနှင့် စနစ်တကျ မှတ်တမ်းတင်ထိန်းသိမ်းထားရှိခြင်း၊
 (၅)  ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများတွင် ဖွင့်လှစ်သည့် သင်တန်းများ၌ သိရှိကျင့်သုံးရမည့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ရုံးလုပ်ငန်းလက်စွဲနှင့် ကောင်းမွန်သောအုပ်ချုပ်ရေး ဘာသာရပ်တို့ကို ဆွေးနွေးပို့ချပေးခြင်း၊
 (၆)  လွှတ်တော်များတွင် တင်သွင်းခဲ့သည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပတ်သက်သည့် မေးခွန်းအဆို များကို မှတ်တမ်းတင်ထားရှိခြင်း၊
 (၇) ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများက ကြော်ငြာခေါ်ယူသည့် အမှုထမ်းဝင်ပေါက်ရာထူးများသည် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၅ နှင့် ကိုက်ညီမှု ရှိ-မရှိ စိစစ်၍ မှတ်တမ်း တင်လျက် နှစ်ချုပ်အစီရင်ခံစာ ပြုစု၍တင်ပြခြင်း၊
 (၈)  နိုင်ငံခြားပညာတော်သင်စေလွှတ်ရေးကော်မတီ ပညာသင်စေလွှတ်ရေး အစည်းအဝေး များပြုလုပ်ပြီး ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီးသီးမှပေးပို့တင်ပြလာသော အမှာစာများကို စိစစ်ဆောင်ရွက်ပေးခြင်း။
 (၉)  ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ စာကြည့်တိုက်နှင့် မော်ကွန်းတိုက်လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ခြင်း။
 (၁၀)  နိုင်ငံဝန်ထမ်းများ အရည်အသွေးတိုးတက်မြင့်မားရေး၊ နိုင်ငံတော်၏တာဝန်များကို စွမ်းရည် ပြည့်ဝစွာဖြင့် ထမ်းဆောင်နိုင်ရေးနှင့် ဝန်ထမ်းဆိုင်ရာ အထွေထွေဗဟုသုတ ကြွယ်ဝရန် ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်း ကျင့်ဝတ်စာစောင်၊ ရုံးလုပ်ငန်းလက်စွဲနှင့် နိုင်ငံ့ဝန်ထမ်းဂျာနယ်တို့ကို ပုံနှိပ်ထုတ်ဝေခြင်း။

 

Read more