previous arrow
next arrow
Slider

ဦးစီးဌာနအကြောင်း

ဝန်ထမ်းရေးရာ ဦးစီးဌာနသည် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ဝန်ထမ်း စည်းကမ်း ထိန်းသိမ်းရေး ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများနှင့် ပတ်သက်၍ ရေးဆွဲ တင်ပြခြင်း၊ အကြံပြုခြင်း၊ သုတေသနပြုခြင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ နိုင်ငံခြား ပညာတော် သင်ဆိုင်ရာ ကိစ္စရပ်များကို ချမှတ် ပေးထားသည့် စည်းမျဉ်းစည်းကမ်း၊ မူဝါဒလမ်းညွှန်ချက်များ၊ သတိပြု လိုက်နာ ဆောင်ရွက်ရမည့် အရေးကြီး သတ်မှတ်ချက်များနှင့် ညီညွတ်မှု ရှိမရှိ အသေးစိတ် သေချာစွာ စိစစ် ခွင့်ပြု ဆောင်ရွက်ပေးခြင်း၊ ပြင်ပဝန်ထမ်း စည်းကမ်းချက်များဖြင့် သွားရောက် တာဝန် ထမ်းဆောင် သည့် ဝန်ထမ်းများအတွက် နည်းဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ စိစစ်၍ သဘော တူညီချက်ပေးခြင်း နှင့် ဝန်ကြီးဌာန အဖွဲ့အစည်းများမှ ဖွင့်လှစ်သည့် သင်တန်းများသို့ ပညာပေး ဆွေးနွေးပို့ချခြင်း လုပ်ငန်း တာဝန်များကို ဆောင်ရွက်လျက် ရှိပါသည်။