previous arrow
next arrow
Slider

အသိပေးကြေညာချက်

ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ပြည်ထောင်စု စာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ကိုယ်စား အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်း က ၂၁-၂-၂၀၂၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ အထောက်အထားအပြည့်အစုံဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်သော်လည်း လူမှုကွန်ရက်နှင့် သတင်းမီဒီယာများတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့နှင့် ဥက္ကဋ္ဌ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေရန် ပကတိအခြေအနေမှန်များနှင့် ကွဲလွဲစွာ မဟုတ်မမှန် လုပ်ကြံပြောဆို ရေးသား နေသည်များကို တွေ့ရှိနေရပါသည်။

သို့ဖြစ်ပါ၍ ယနေ့မှစတင်ကာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ကိုသော်လည်းကောင်း၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များဖြစ်သည့် အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကိုသော်လည်းကောင်း လူမှုကွန်ရက်နှင့် သတင်းမီဒီယာတွင် မဟုတ်မမှန် လုပ်ကြံ ပြောဆိုရေးသားခြင်းများကို တည်ဆဲဥပဒေများအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

(ပြည်ထောင်စုရာထူးဝန်အဖွဲ့)