previous arrow
next arrow
Slider

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ဥက္ကဋ္ဌဦးဝင်းသိမ်း ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၁၁)သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်ခြင်း

ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၊ အဆင့်မြင့် အရာထမ်း စီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ်(၁၁) သင်တန်းဆင်းပွဲအခမ်းအနားကို၂၀-၇-၂၀၁၈ ရက် (သောကြာနေ့) နံနက် (၀၉:၀၀)နာရီတွင် ကေတုမတီခန်းမ၌ ကျင်းပသည်။ သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုရာထူး ဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဦးဝင်းသိမ်း၊ အဖွဲ့ဝင် ဒေါက်တာဦးပွား၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးအောင် တင်စိုး၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ဆွေ၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှအောင်၊ တက္ကသိုလ်သင်ကြားရေး၊ စီမံဌာနများမှ ပါမောက္ခ၊ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းသား၊ သင်တန်းသူများတက် ရောက်ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဦးဝင်းသိမ်းက သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာ တွင် သင်တန်းကာလအတွင်းမှာ သင်တန်းသား / သူများဟာ သင်တန်း၏ ရည်ရွယ်ချက်များကို သိရှိနားလည်ပြီး သင်တန်းပြီးမြောက် အောင်မြင်အောင် ကြိုးစားအားထုတ်ခဲ့ကြ၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၊ အဖွဲ့ အစည်းများ၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်တွေအောင်မြင်ဖို့အတွက် အဓိကကျတဲ့ စီမံခန့်ခွဲမှုအခန်းကဏ္ဍက ဆောင်ရွက်နေကြသူများ ဖြစ် သောကြောင့် မိမိတို့၏ စီမံခန့်ခွဲအုပ်ချုပ်မှုစွမ်းရည်များနဲ့ ယနေ့ခေတ်ရဲ့ ပြောင်းလဲလာတဲ့ နည်းပညာ၊ အတတ်ပညာ၊ ဗဟုသုတများကို လည်း အမြဲမပြတ် လေ့လာဆည်းပူးနေဖို့ လိုအပ်ပါကြောင်း၊ အမြဲမပြတ်လေ့လာဆည်းပူးနေကြမှသာ မိမိလက်အောက်ရှိ အရာထမ်း၊ အမှု ထမ်းများကို မှန်ကန်တိကျသည့်ဦးဆောင်လမ်းညွှန်မှုများကို အကောင်အထည်ဖော်ချမှတ်ပေးနိုင်မှာဖြစ်သလို မိမိအထက်အဆင့်များကို လည်း တာဝန်ခံမှု၊ တာဝန်ယူမှုများဖြင့် အထောက်အကူပြုပေးနိုင်တဲ့ အရည်အသွေးနှင့်စွမ်းဆောင်ရည်ပြည့်ဝသူများ ဖြစ်လာကြမှာဖြစ် ကြောင်း။ နိုင်ငံတော်အစိုးရကိုယ်စား ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ အဆင့်မြင့်အရာရှိကြီးများကို စွမ်း ရည်မြှင့်သင်တန်းများ ဖွင့်လှစ်လေ့ကျင့်သင်ကြားပေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အရည်အသွေးဖွံ့ဖြိုးတိုးတက်မှုမှသည် အဖွဲ့အစည်း တစ်ခုလုံး၏ အရည်အသွေးဖွံ့ဖြိုး တိုးတက်မှုကို ရရှိလာမှာ ဖြစ်ပါကြောင်း။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရအနေနဲ့ အဘက်ဘက်က အားထုတ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာမှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် ပြည်နယ်အစိုးရ၊ ပြည်နယ် တရားလွှတ်တော်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသဦးစီးအဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်၊ ပြည်နယ်ခရိုင်နှင့် မြို့နယ်များမှဌာန ဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံပွဲ အခမ်းအနားတွင် နိုင်ငံတော်သမ္မတက “ခေတ်ဟောင်းစနစ်ဟောင်းမှ ခေတ်သစ်စနစ်ကို ပြုပြင် ပြောင်းလဲနိုင်ရန် ရှားပါးသည့်အခွင့်အရေးများကို ရရှိနေပါကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးက လိုက်ပါပြုပြင်ပြောင်းလဲမှသာ ပြောင်းလဲမှု အောင်မြင်မည်ဖြစ်ပါကြောင်း၊ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေသူများသည် ဌာနဆိုင်ရာအဖွဲ့အစည်း အသီးသီး မှ တာဝန်ရှိသူများဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများတွင် မိမိနှင့်ထိုက်တန်သည့် အခွင့်အရေးများကို မှန်မှန်ကန်ကန် မျှမျှတတ သုံးစွဲရန် ရှိသကဲ့သို့ ပြည်သူလူထု၏တာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန် လိုအပ်ပါကြောင်း”လို့ မြွက်ကြားလမ်းညွှန်ခဲ့ပါကြောင်း။ စီးပွားရေး လုပ်ငန်းရှင်များ ပထမအကြိမ်တွေ့ဆုံပွဲမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ခေတ်သစ်တစ်ခုကို အကောင်အထည်ဖော်ရာတွင် ပညာ၊ စေတနာ၊ သတ္တိဆိုတဲ့ အရာ(၃)မျိုးလိုအပ်ကြောင်း၊ ပညာရှိမှသာ မှန်ကန်တဲ့လမ်းမှန်ကိုရွေးတတ်ပြီး လမ်းမှန်ပေါ်ရောက်ရှိမှာ ဖြစ်ကြောင်း၊ လမ်းမှန်ကိုသိသော်လည်း သွားချင်တဲ့စေတနာရှိဖို့လိုကြောင်း၊ မိမိအကျိုးစီးပွား၊ အဖွဲ့အစည်းအကျိုးစီးပွား သာမက နိုင်ငံ့အကျိုးစီးပွား အတွက် ဆောင်ရွက်ပေးလိုတဲ့စေတနာရှိမှသာ လမ်းမှန်ကိုလျှောက်လှမ်းနိုင်မှာဖြစ်ကြောင်း၊ သတ္တိရှိစွာဖြင့် လမ်းသစ်ကို လျှောက်လှမ်းဖို့ လည်းလိုကြောင်း၊ ဒီ့ပြင် ခေါင်းဆောင်မှုအတတ်ပညာသင်တန်းများ တက်ရောက်ထားကြရန် လိုအပ်ကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍများတွင် ခေါင်းဆောင်မှုကို မည်သို့ပေးရမည်၊ ခေါင်းဆောင်မှုကို မည်သို့ရယူရမည်တို့ကို သင်ယူကြရမည်ဖြစ်သလို နောက်လိုက်ကောင်းဖြစ်အောင် သင်ယူရန်လိုကြောင်း”ဟု လမ်းညွှန်မှာကြားခဲ့ပါသဖြင့် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့၏ လမ်းညွှန်ချက်များကို သတိချပ်ပြီးလိုက်နာကျင့်ကြံ ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အနေဖြင့် နိုင်ငံ့ဝန်ထမ်းကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် အဘက်ဘက်က ဆောင်ရွက်လျက်ရှိသလို လက်ရှိအစိုးရအနေနှင့်လည်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှုများနှင့်အတူ ကဏ္ဍစုံ အထွေထွေပြုပြင် ပြောင်းလဲမှုများကို အခြေခံမှစတင်ပြောင်းလဲနိုင်ရန် မူဝါဒများ၊ ရည်မှန်းချက်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည် ” ဆိုသည့်အတိုင်း တိုင်းပြည်ကိုချစ်သောစိတ်၊ မိမိနိုင်ငံကို တိုးတက်ချမ်းသာသည်ကို မြင် လိုသောစိတ်တို့ဖြင့် ဝန်ထမ်းကောင်းများဖြစ်စေရန် ကြိုးစားအားထုတ်ပြီး မိမိတို့၏ ကျရာအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်သွားရမှာ ဖြစ်သလို မိမိတတ်သိနားလည်ရမည့် လုပ်ငန်းခွင်ဆိုင်ရာအရည်အချင်းများအပြင် မျက်မှောက်ခေတ်ကမ္ဘာ့နိုင်ငံရေးနှင့် မိမိတို့နိုင်ငံ၏ အခြေအနေကို မျက်ခြေမပြတ် အမြဲလေ့လာဆည်းပူးလျက် နိုင်ငံသားများ၏အကျိုးစီးပွားကို စေတနာနှင့်လုပ်ကိုင်ဆောင်ရွက်နိုင်သည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားနေရမှာဖြစ်ပါကြောင်း။ (၂၁)ရာစုကာလမှာ လူ့စွမ်းအားအရင်းအမြစ်ကို သတ်မှတ်ရာတွင် လူကို လူ့စွမ်းအားအရင်းအမြစ်အဖြစ် မသတ်မှတ်တော့ဘဲ လူ၏သုတ၊ ကျွမ်းကျင်မှု အတတ်ပညာ၊ သမ္ဘာတို့ဖြင့် တိုင်းတာသတ်မှတ်လာသည့် အတွက် သင်တန်းသား / သူများအနေဖြင့် မိမိတို့ ဝန်ကြီးဌာန၊ အဖွဲ့အစည်းကို ကျွမ်းကျင်မှု အတတ်ပညာ၊ သုတ၊ သမ္ဘာရှိပြီးလေ့လာ ဆည်းပူး တီထွင်ဆန်းသစ်မှုရှိသည့် အဖွဲ့အစည်းဖြစ်စေရန် စွမ်းဆောင်သွားကြဖို့လည်း ထပ်လောင်းတိုက်တွန်း မှာကြားလိုပါကြောင်း၊ သင်တန်းသား / သူများအနေဖြင့် မိမိရာထူးအဆင့်နှင့်လျော်ညီသည့် အရည်အသွေးနှင့်စွမ်းဆောင်ရည်တိုးတက်လာအောင် အစဉ်ကြိုးစား လေ့လာသင်ယူပြီး နိုင်ငံတော်အပေါ် ပြန်လည်အလုပ်အကျွေးအကျိုးပြုဖို့လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက်သင်တန်းသား၊ သင်တန်းသူများအား သင်တန်း ပြီးမြောက်ကြောင်းလက်မှတ်များ ပေးအပ်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ ( သင်တန်းမှာ ၂၈-၅-၂၀၁၈ ရက်နေ့မှ ၂၀-၇-၂၀၁၈ ရက်နေ့အထိ (၈)ပတ်ကြာမြင့်ခဲ့ပြီး ဝန်ကြီးဌာန၊ အဖွဲ့အစည်း(၂၀)ခုမှ ညွှန်ကြားရေးမှူးအဆင့် အရာ ထမ်း(၄၅)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။)