previous arrow
next arrow
Slider

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ၂၀၁၈ ခုနှစ် (၁၃) ကြိမ် မြောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခြင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၀၁၈ ခုနှစ် (၁၃) ကြိမ် မြောက် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက် ၈:၃၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၌ ကျင်းပရာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိမ်းနှင့် အဖွဲ့ဝင်များဖြစ်ကြသော ဦးဝင်းမော်၊ ဦးသန်းထွန်း၊ ဦးစော ဗယ်လင်တိုင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန် ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ တက်ရောက်ကြသည်။ ရှေးဦးစွာ ဥက္ကဋ္ဌဦးဝင်းသိမ်းက အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယအမြဲတမ်းအတွင်းဝန်တို့ထံ ဦးစီး ဌာနများမှဝန်ထမ်းများ စိုက်ပျိုးမည့်ပျိုးပင်များကိုပေးအပ်ပြီး သတ်မှတ်နေရာ၌ အထိမ်းအမှတ် ရတနာ တန်းဝင်ကျွန်းပင်ကို စိုက်ပျိုးပေးသည်။ ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်များ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်တို့နှင့်အတူ သတ်မှတ်နေရာအသီးသီး တွင် နှစ်ရှည်သီးနှံပင်များ၊ အရိပ်ရလေကာပင်များနှင့် ရတနာတန်းဝင်ကျွန်းပင်များကို အစားထိုးဖြည့် စွက် စိုက်ပျိုးပေးကြပြီး ဝန်ထမ်းသက်သာ သစ်သီးဝလံနှင့် ရာသီသီးနှံစိုက်ခင်းကို လှည့်လည်ကြည့်ရှု အားပေးစစ်ဆေးခဲ့ပါသည်။ ယခုစိုက်ပျိုးသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ၌ ကျွန်း၊ ပျဉ်းကတိုးနှင့် မဟော် ဂနီစသော နှစ်ရှည်ပင်များအပါအဝင် အရိပ်ရလေကာပင် (၁၅၀)ပင်နှင့် ပန်းအလှပင်(၁၀၀)ပင် စုစုပေါင်း (၂၅၀) ပင်ကိုစိုက်ပျိုးခဲ့ကြကြောင်းနှင့် ယခင်နှစ်များက စိုက်ပျိုးရှင်သန်ဖြစ်ထွန်းလျက်ရှိသော သစ်ပင်၊ ပျိုးပင်များအနက် မြေတောင်မြှောက်ပေးရန် လိုအပ်သော သစ်ပင်များအား မြေတောင်မြှောက်ပေးခြင်း၊ မြေသြဇာကျွေးခြင်းနှင့် ချုံနွယ်များရှင်းလင်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။