previous arrow
next arrow
Slider

ဗဟိုဝန်ထမ်းတက္ကသိုလ် ၊ ပြည်သူ့ဝန်ထမ်းအကယ်ဒမီ (Civil Services Academy-CSA)များ၏တက္ကသိုလ် အကြံပေးအဖွဲ့များ၊ တက္ကသိုလ်ပညာရပ်အဖွဲ့များ ပညာ ရပ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၁၈) ကျင်းပ

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဗဟိုဝန်ထမ်းတက္ကသိုလ်၊ ပြည် သူ့ဝန်ထမ်းအကယ်ဒမီ (Civil Services Academy-CSA)များ၏ တက္ကသိုလ်အကြံပေးအဖွဲ့များ၊ တက္ကသိုလ်ပညာရပ်အဖွဲ့များ ပညာရပ်ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၁၈)ကိုယနေ့ (၁၃: ၃၀) နာရီတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဦးဝင်းသိမ်း တက်ရောက်အမှာစကားပြောကြားသည်။ အစည်းအဝေးတွင် ဗဟိုဝန်ထမ်းတက္ကသိုလ်၊ ပြည်သူ့ဝန်ထမ်းအကယ်ဒမီ (Civil Services Academy- CSA) ပညာရေး၊ လေ့ကျင့်သင်ကြားရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ တက္ကသိုလ်အကြံပေးအဖွဲ့ အဖွဲ့ဝင်များက အကြံပြုတင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဦးဝင်းသိမ်းက အကြံပြုတင်ပြချက်များအပေါ် သုံးသပ်၍ လိုအပ် သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။   ယင်းအစည်းအဝေးသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဝင်းမော်၊ ဦးသန်းထွန်း၊ ဒေါက်တာဦးပွား၊  ဦးစောဗယ်လင်တိုင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ်၊ ပြည်သူ့ဝန်ထမ်း အကယ်ဒမီ (Civil Services Academy-CSA)များ၏ အကြံပေးအဖွဲ့ဝင်များ၊ တက္ကသိုလ်ပညာရပ် အဖွဲ့များ၊ ဤအဖွဲ့ရှိ ဥက္ကဋ္ဌရုံးအဖွဲ့၊ ဦးစီးဌာနများနှင့် ကွပ်ကဲမှုအောက်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ် များမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်များနှင့် ဒုတိယအမြဲတမ်းအတွင်းဝန်တို့ တက်ရောက်ကြသည်။