ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း UNDP မှ Country Director ဖြစ်သူ Mr. Peter Batchelor ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခြင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းသည် United Nations Development Programme (UNDP) မှ Country Director ဖြစ်သူ Mr. Peter Batchelor ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ (၁၄:၀၀) နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အစည်းအဝေးခန်းမ(၁) ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

 

ယင်းသို့တွေ့ဆုံစဉ်တွင် UNDP က နိုင်ငံ့ဝန်ထမ်းများအား ပြည်သူများလိုအပ်သော ဝန်ဆောင်မှုများကို ဦးစားပေးနိုင်ရန်နှင့် ရလဒ်များပေါ်ထွက်ရေး ဦးတည်ဆောင်ရွက်နိုင်ရန် ကူညီပံ့ပိုးပေးခြင်းဖြင့် မြန်မာ နိုင်ငံအစိုးရ၏ လူထုပါဝင်ဆောင်ရွက်မှုကို အားပေးမြှင့်တင်၍ လူထု၏ယုံကြည်ကိုးစားမှုကို တိုးတက် ရရှိအောင်ဆောင်ရွက်နိုင်သည့် ကျင့်ဝတ်နှင့်ညီသော၊ အရည်အချင်းကို အခြေခံသော၊ အားလုံးပါဝင် ထမ်းဆောင်နိုင်သော တုံ့ပြန်ဖြည့်ဆည်းပေးသော နိုင်ငံ့ဝန်ထမ်းကဏ္ဍတစ်ခုဖြစ်လာစေရေး မျှော်မှန်းချက်ကို ပြည့်မြောက်အောင်ကူညီပံ့ပိုးပေးရန်ရည်ရွယ်၍ Country Program အသစ်အဖြစ်အကောင်အထည် ဖော်ဆောင်ရွက်မည့် မြန်မာနိုင်ငံ၊ နိုင်ငံ့ဝန်ထမ်းကဏ္ဍ၏ ခေါင်းဆောင်မှု၊ ထိရောက်မှု၊ လိုက်လျော ညီထွေဖြစ်စေမှုနှင့် သက်ဆိုင်ရာကဏ္ဍအလိုက်ကျွမ်းကျင်မှုစီမံချက် (Leadership, Effectiveness, Adaptability and Professionalism (LEAP) in Myanmar) နှင့် စပ်လျဉ်း၍ ဆွေးနွေး ပြောကြားခဲ့ကြပါသည်။

 

အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ အဖွဲ့ဥက္ကဋ္ဌနှင့်အတူ အဆင့်မြင့်အရာရှိကြီးများ  တက်ရောက်ခဲ့ကြပါသည်။