previous arrow
next arrow
Slider

၂၀၁၇-၂၀၁၈ ခုနှစ်၊ ဘဏ္ဍာရေးနှစ်တွင် ရုံးသုံးပရိဘောဂ ပစ္စည်းများ ဝယ်ယူနိုင်ရေးအတွက် အိတ်ဖွင့်တင်ဒါခေါ် ယူခြင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် အသုံးပြုမည့် အောက်ဖော်ပြပါ ရုံးသုံး ပရိဘောဂပစ္စည်းများ ဝယ်ယူခြင်းကို မြန်မာကျပ်ငွေဖြင့် ဆောင်ရွက်လိုပါ သဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်ပါသည်-

 

စဉ်

ပစ္စည်းအမျိုးအမည် အရေအတွက်

စာကြည့်စားပွဲ (၃’ x ၂’ x ၂.၅’) ၃၀၀ လုံး

သစ်ခင်းကုလားထိုင် (၂’၁၀” x ၁’၃”×၁’၄”)

၃၅၀ လုံး

သင်တန်းသားအရာရှိအိပ်ခုတင်(၆.၅’ x ၃.၅’)

၁၅၀ လုံး

ထမင်းစားပွဲ (ဖော်မီကာ) (၆’ x ၃’×၂.၅’)

၁၃ လုံး

 

၂။       အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ၂၇- ၁၁-၂၀၁၇ ရက်နေ့မှ ၈- ၁၂ – ၂၀၁၇ ရက် နေ့အထိ ရုံးချိန်အတွင်း (၁)စုံလျှင် ငွေကျပ် ၅၀၀၀/-( ကျပ်ငါးထောင်တိတိ ) ဖြင့် ရောင်းချ သွားမည်ဖြစ်ပြီး  ၁၂ – ၁၂-၂၀၁၇ ရက်နေ့ ( ၁၂:၀၀ )နာရီ နောက်ဆုံးထားလက်ခံ၍ ( ၁၃:၀၀ ) နာရီ တွင် အိတ်ဖွင့်တင်ဒါဖွင့်ဖောက်ခြင်းကို (၁) ရက်တည်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၃။      အိတ်ဖွင့်တင်ဒါ တင်သွင်းလိုသူများသည် မိမိတင်သွင်းသည့် ပရိဘောဂအမျိုးအမည် အတွက်  တင်သွင်းသည့် တင်ဒါတန်းဖိုး၏၁% တင်ဒါ အာမခံစပေါ်ငွေကို  မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိအမှတ်ပြုထားသည့် ဘဏ်တစ်ခုခုတွင် ဗဟိုဝန်ထမ်းတက္ကသိုလ် ( အထက်မြန်မာပြည် ) အမည်ဖြင့် Payment order ပြုလုပ်ပြီး ယင်း Payment order မူရင်းနှင့်မိတ္တူ(၁)စောင်ကို သတ်မှတ်တင်ဒါပုံစံနှင့်အတူ ပူးတွဲ၍ တင်ဒါတင်သွင်း ရမည်။(Payment order ပြုလုပ်ပေးရန် အတွက် သက်ဆိုင်ရာဘဏ်များသို့ တက္ကသိုလ်မှ အကြောင်းကြားစာ ထုတ်ပေးသွားမည် ဖြစ်သည်။)

၄။      အသေးစိတ်အချက်အလက်များကိုသိရှိလိုပါကဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းအမှတ် 02 – 50003 ၊ 02 – 50004    Ext : 243  သို့ ရုံးချိန် အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

 

            တင်ဒါလက်ခံရေးနှင့်စိစစ်ရေးလုပ်ငန်းကော်မတီ

                                                      ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)

                                                      ပြင်ဦးလွင်မြို့နယ်၊မန္တလေးတိုင်းဒေသကြီး